Wednesday, January 28, 2026

မန္တလေးတိုင်းအတွင်းနေထိုင်သည့် သျှမ်းလူမျိုးများ တိုင်းရင်းသားရေးရာမဲပေးခွင့် ဆုံးရှုံးနေရ

မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် သျှမ်းလူမျိုးများသည် ယနေ့ ( နိုဝင်ဘာ ၈) ရက် တွင်ကျင်းပသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ သျှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း မဲ မပေးခဲ့ရသူ အများအပြားရှိနေသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေးမြို့တွင် နေထိုင်ပြီး မိဘ နှစ်ပါးစလုံး သျှမ်းလူမျိုး စစ်စစ်များဖြစ်ကာ မှတ်ပုံတင်တွင်လည်း ရှမ်းလူမျိုးဟု ရေးသားထားသော်လည်း ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအတွက် မဲမပေးခဲ့ရေကြောင်း မန္တလေး တိုင်းဒေသကြီးတွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသား ဒေသခံများကပြောဆိုကြသည်။

“အခု သွားထည့်တာတော့ ၃ မဲ တော့ ထည့်ခဲ့ပြီးပြီ သူတို့က ၃ မဲ အရင်ထည့်ခိုင်းတယ်။ တိုင်းရင်းသား မဲပုံးက နောက်ဆုံးမှ ထည့်ရတယ်ရှင့်။ တိုင်းရင်းသား မဲပုံးထည့်တဲ့ချိန်တော့ စာရင်းထဲ မပါလို့ မထည့်ရဘူးလို့ ပြောတယ်ရှင့်။ မဲရုံးမှူးကို သွားပြောတော့ စာရင်းထဲ မပါလို့ မထည့်ရဘူးလို့ ပြောတယ်ရှင့်။ ကျမတို့က တိုင်းရင်းသားဆိုတော့ ထည့်ချင်ပါတယ်ရှင့်။ ၅ နှစ်တောင် စောင့်ခဲ့ရတယ်ဆိုတော့ ကိုယ့်တိုင်းရင်းသား အခွင့်အရေးဆိုတော့ ထည့်ချင်ပါတယ်ရှင့်။ထည့်ရဖို့ကတော့ ကြိုးစားနေတုန်းရှင့်။ မဲရုံ မပိတ်ခင်ထိတော့။” ဟု မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် ဒေသခံ နန်းသန်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတိုင်းရင်းသားများသည် လွန်ခဲ့သည့် ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ကိုမဲထည့်ခဲ့ရပြီး လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားရေးရာအတွက် မဲမထည့်ခဲ့ရကြောင်း နန်းအေးယုံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဝမ်းနည်းတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်လူမျိုးအတွက်က မဲ တစ်မဲဆိုလည်း တမဲ ပေါ့နော်။ ထည့်ပေးချင်တာပေါ့။ ဘယ်ပါတီပဲ ဖြစ်ဖြစ် ကိုယ့်သျှမ်းလူမျိုး အတွက်က ပြောရေးဆိုခွင့်ရှိတယ်။ ဒီဝန်ကြီး အတွက်က ပြောရေးဆိုခွင့် ရှိတယ်လေ။ အခုဟာက မထည့်ရတော့ ဝမ်းနည်းတာပေါ့လေ။ ထည့်ပေးချင်ပါတယ်။ ဒီလို မထည့်ရတော့ ကျမတို့ တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးနေသလို။ သူတို့ကျတော့ အသဲကြားက မဲတပြား ပြောပြီးတော့ ငါတို့ကျတော့ မထည့်ရဘူး။ စိတ်တိုတာပေါ့။အခုတော့ ထည့်ရဖို့တော့ ကြိုးစားနေတယ်။” ဟု နန်းအေးယုံ ကပြောသည်။

သျှမ်းတိုင်းရင်းသားအများစုသည် ကျန်မဲ (၃) မဲကို ထည့်ရပြီး တိုင်းရင်းသားမဲစာရင်းတွင်သာ မဲ မထည့်ခဲ့ရကြောင်း မန္တလေးတွင် နေထိုင်သည့် သျှမ်းလူမျိုုးများက ပြောဆိုကြသည်။

အလားတူ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် သျှမ်းလူမျိုးများသည် သျှမ်းတိုင်းရင်းသားရေးရာ မဲ မထည့်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်

“ကျနော်တို့ အိမ်တအိမ်တည်း မဟုတ်ဘူး။ တော်တော်များတယ်။ ကျနော်တို့ သျှမ်းတွေ အတွက် နစ်နာတယ်။” ဟု ပြင်ဦးလွင်တွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသား စိုင်းစိုးမိုးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုနေရာတွင်နေထိုင်သည့် သျှမ်းလူမျိုးများ၏ မှတ်ပုံတင်တွင် သျှမ်းလူမျိုးဖြစ်သော်လည်း သျှမ်းတိုင်းရင်းသားကိုယ်စားပြုမည့် မဲမထည့်ရသည်မှာ နစ်နာမှုရှိကြောင်းလည်း မဲမထည့်ခဲ့ရသူများက ပြောသည်။

“တမနက်လုံး အဲ့ဒီကိစ္စကို ရှင်းပေးနေပါတယ်ဗျ။ မဲဆန္ဒရှင်က မဲစာရင်းကို စစ်ဆေးပြီး၊ တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း မလုပ်ရတာကို အခြေခံတာပါဗျ။ ဒီနေ့မှာ ဖြစ်ပွားတဲ့ ကိစ္စရပ်များတော့ ကျနော်တို့ ကော်မရှင်ခွဲ ဆောင်ရတဲ့ ဥပဒေ နည်းဥပဒေ လုပ်ငန်း လမ်းညွှန်ချက်တွေ မရှိတော့တဲ့အတွက်ကြောင့် ဒီတပတ်တော့ ရနိုင်ခြင်း မရှိတော့ပါဘူး။” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးစိန်ဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းရပ် နယ်မြေ(၇) သပြေလမ်းရှိ မဲရုံ အမှတ်(၃) တွင် နိုဝင်ဘာ (၈) ရက်နေ့ နံနက် ၆ နာရီ ၃၀ ဝန်းကျင်တွင် တိုင်းရင်းသားရေးရာ မဲမရရှိသဖြင့် ရပ်ကျေးရွေးကော်ပွဲကော်မရှင် နှင့် မဲပေးသူကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လေယာဉ်ပစ် စက်သေနတ်ကြီးများ အသုံးချရန် လေ့ကျင့်ပြင်ဆင်ထားပြီဟု MDY PDF ဆို

0
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် တိုက်ခိုက် သိမ်းပိုက်စဉ်က ရရှိခဲ့သည့် လေယာဉ်ပစ် စက်သေနတ်ကြီးများအား ပြန်လည် အသုံးချရန် လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်သည်ဟု MDY PDF က ယနေ့ (ဇူလိုင်လ ၁၁...

မိုးကုတ်မှာ ဘာဖြစ်နေလဲ

0
သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...

NUG နှင့် ချိတ်ဆက်ပြီး စာသင်ကြားသည်ဟုဆိုပြီး မန္တလေးမှ အမျိုးသမီး ၁၃ ဦး နှင့် အမျိုးသား ၂ ဦး ဖမ်းဆီးခံရ

0
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ချိတ်ပြီး အွန်လိုင်းတွင် စာသင်ကြားနေသည့် မန္တလေးမြို့ရှိ Federal School of Aung Myay Thar Zanမှ အမျိုးသမီး (၁၃) ဦး နှင့် အမျိုးသား ၂ ဦး ကို...

တရုတ်ပြည်သူ့စစ် မှ သျှမ်းလူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးကို ရိုက်နှက်

0
မြန်မာ - တရုတ် နယ်စပ် တရုတ်ပြည် သျှမ်းလူမျိုးအများစုနေထိုင်သည့် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု ကုန်နေကျေးရွာ အုပ်ချုပ်ရေးမှူကို တရုတ် ပြည်သူ့စစ်က ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ကုန်နေ ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအိုက်အုန်းဖေ အသက် (၃၀)...

အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

0
တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...