NUG နှင့် ချိတ်ဆက်ပြီး စာသင်ကြားသည်ဟုဆိုပြီး မန္တလေးမှ အမျိုးသမီး ၁၃ ဦး နှင့် အမျိုးသား ၂ ဦး ဖမ်းဆီးခံရ

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ချိတ်ပြီး အွန်လိုင်းတွင် စာသင်ကြားနေသည့် မန္တလေးမြို့ရှိ Federal School of Aung Myay Thar Zanမှ အမျိုးသမီး (၁၃) ဦး နှင့် အမျိုးသား ၂ ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

အွန်လိုင်း တရားမဝင်စာသင်ကြားသည်ဟု စွပ်စွဲပြီးဖမ်းခံရသူများ

အဆိုပါ Federal School of Aung Myay Thar Zan အမည်ဖြင့် အွန်လိုင်းတွင် တရားမဝင် ပညာသင်ကြားနေသည်ဟုဆိုပြီး ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အပါအဝင် (၁၅) ဦး ကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးသွားကြောင်း စစ်ကောင်စီမှ ယမန်နေ့ (ဧပြီ ၄) ရက်တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် သူများမှာ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် ၊တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့ နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အွန်လိုင်းမှ စာသင်ပြီး စစ်ကောင်စီ ဖမ်းဆီးသွားသည့် (၁၅) ဦး ကို NUG နှင့်ချိတ်ဆက်ပြီး တရားမဝင် စာသင်မှု ဟုဆိုပြီး စွပ်စွဲချက် ပြုလုပ်သည့်အပြင် ကျောင်းသားများထံကောက်ယူသည့် ငွေကြေးများကိုလည်း NUG ကို ထောက်ပံ့သည် ဟုလည်း စွပ်စွဲပြောဆိုထားသည်။

ထို့အပြင် အဆိုပါ အွန်လိုင်းစာသင်ကျောင်းကို စာရင်းပေးသွင်းပြီး အတန်းများတက်စေခဲ့သည့် မိဘများနှင့် ကျောင်းသားများကိုလည်း ဆက်လက်ဖော်ထုတ်ပြီး အရေးယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားသည်။

“လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိသည်” ဟု ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေး များကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့သည်။

လူသားတိုင်း ခံစားနိုင်သည့် အခြေခံ လူ့အခွင့်အရေး များကို အတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ အဆိုပါ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အချက်ပေါင်း (၃၀) ပါရှိသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ယင်းလူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက် အများစုကို စစ်ကောင်စီမှ လိုက်နာရန် ပျက်ကွက် နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...