ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ မဟာမိတ် စာချုပ်ချုပ်ဆိုသည့် သတင်းတုများထွက်ပေါ်လာ

ကျားခေါင်းပါတီနှင့် ကြံ့ခိုင်ရေးပါတီ တို့မဟာမိတ်အဖြစ် ပူးပေါင်းစာချုပ်ချုပ်ဆို ဆိုသည့် သတင်းမှား၊ သတင်းတု သည် ရွေးကောက်ပွဲ မတိုင်ခင် တရက်အလို တွင် လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံလာသည်ကိုတွေ့ရသည်။

နိုဝင်ဘာ ၇ ရက် ယနေ့ နံနက်ပိုင်းကစပြီး ပျံ့နှံနေသော အဆိုပါ သတင်းတု၊သတင်းမှားသည် ကျားခေါင်းပါတီ ဟုလူသိများသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD )နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ (USDP)တို့ အောက်တိုဘာ ၂၅ ရက်တွင် ချုပ်ဆိုခဲ့သည် ပူးပေါင်းရေးကတိစာချုပ်ဖြစ်ပြီး၊ SNLD ပါတီ ဒုဥက္ကဌ ဦးစိုင်းညွန့်လွင် နှင့် USDP ပါတီ ဥက္ကဌ ဦးသန်းဌေး လက်မှတ်တို့ ကလက်မှတ်ရေးထိုးထားသည်။

စာချုပ်တွင် ကြံ့ခိုင်ရေးပါတီနှင့် ကျားခေါင်းပါတီတို့ ရွေးကောက်ပွဲ အနိုင်ရပါက လွှတ်တော်နေရာခွဲဝေမှု၊ အချင်းချင်းပြိုင်ဆိုင်မှုမလုပ် ဟူသော သဘောတူညီမှုများ ပါရှိပါသည်။

ထို သတင်းတု၊သတင်းမှားသည် မနက်ဖန် (နိုဝင်ဘာ ၈)ရက် တွင် ကျင်းပမည့် ရွေးကောက်ပွဲ ၁ရက် အလိုဖြန့်ဝေးထားပြီး၊ မဲပေးမည့် ပြည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်နေသည့် သဘောဖြစ်ကြောင်း လည်း သျှမ်းလူထုအသိုင်းအဝိုင်း ကပြောဆိုလိုက်သည်။

အဆိုပါ သတင်းတု၊သတင်းမှား ထွက်လာသည့်အပေါ် SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က “အဲဒါတွေက အောက်တန်းကျတဲ့လုပ်ကြံမှုဖြစ်တယ်။ အဲတာကို သတင်းမှန်စီစစ်ရေးလုပ်နေတဲ့အဖွဲ့တွေလည်း ဒီဥစ္စာဟာသတင်းမှားပါ ဆိုတာ ထုတ်ပြန်ပါလိမ့်မယ်။ အဲတော့ အဲလိုမျိုး အောက်လုံးထိုးတဲ့ သတင်းမှားတွေ အပေါ်မှာတော့ ကျနော်တို့ သတိထားပြီးတော့မှာ မယုံကြည်မိဖို့ လိုအပ်တာပေါ့” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ SNLDနှင့် USDPစာချုပ်ချုပ်ဆိုသည့် သတင်းသည် အဓိကအားဖြင့် သျှမ်းပြည်သူအများစု စောင့်ကြည့်နေသည့် လူမှုကွန်ရက် စာမျက်နှာတွင် (Page)နှင့် ဂရုများတွင် ဖြန့်ဝေနေသည်ကိုတွေ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး SNLD မှလည်း လူမှုကွန်ရက်စာမျက်နှာ ၏ သတင်းတု စိစစ်ရေး အဖွဲ့ကို ပြောဆိုထားပြီးဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် နိုဝင်ဘာ(၈)ရက် အတွက် မဲပေးသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သတင်းတု၊သတင်းမှားများကို စိစစ်ပေးကြရန်လိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...

ခေါင်းနှင့်ပန်းလို တစ်သားတည်း ဖြစ်နေသော စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည် (၁၂) မြို့နယ်၌ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ်အများစုတွင် အနိုင်ရ ဦးဆောင်နေကြောင်း သိရသည်။ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်က အတုအယောင် ရွေးကောက်ပွဲ...

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...