Saturday, April 20, 2024

တောင်ကြီးမြို့တွင် တိုင်းရင်းသားရေးရာ မဲမရသဖြင့် အငြင်းပွားမှုဖြစ်ပွား

Must read

တောင်ကြီး မြို့ ၊ စဝ်စံထွန်းရပ် ၊ နယ်မြေ ( ၇ ) ၊ သပြေလမ်းရှိ မဲရုံ အမှတ် (၃) တွင် နိုင်ဝင်ဘာ (၈) ရက်နေ့နံနက် ၆နာရီ ၃၀ ဝန်းကျင်၌ တိုင်းရင်းသားရေးရာ မဲမရရှိသဖြင့် ရပ်ကျေးရွေးကောက်ပွဲကော်မရှင် နှင့် မဲပေးသူကြား အငြင်းပွားမှုဖြစ်ပွား ခဲ့ကြောင်း သိရသည် ။

ဗမာတိုင်းရင်းသားမှတ်ပုံတင် ကိုင်ဆောင်ထားကြသော ဦး မြတ်ကိုကိုအောင် ၊ အင်းတိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်ထားကြသော ဒေါ် ဝေဝေအောင် နှင့် နောက်ထပ် အမျိုးသမီးတစ်ဦး တို့သည် လွှတ်တော် ၃ ရပ် အတွက် မဲလက်မှတ် ၃ စောင်သာ ရရှိပြီး တိုင်းရင်းသားရေးရာ အတွက် မဲလက်မှတ်မရရှိသောကြောင့် မဲရုံတာဝန်ကျ သူများနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။

အဆိုပါ အငြင်းပွားမှုနဲ့ပတ်သက်ပြီး “ ကျွန်တော် ၄ ခုထည့် ရမှာ အခု ၃ ခုပဲ ထည့်ခွင့် ရှိတယ် နိုင်ငံသား အခွင့် အရေး ဆုံးရှုံး တယ် မဲရုံမှုးဆိုတဲ့ လူက နားမလည်ပါးမ လည်လုပ်တယ် မဲရုံမှူးကို သွားပြောတယ် ဘာမှ တာဝန်မယူနိုင်ဘူးတဲ့ ဘာမှ တာဝန် မယူနိုင်ရင် ဘာလို့ မဲရုံမှူးလုပ်နေသေးလဲ ”ဟု ဦးမြတ်ကိုကို အောင်ကပြောသည် ။

ရပ်ကွက်မှ ထုတ်ပေးသော မဲလက်မှတ်တွင် တိုင်းရင်းသားဖြစ်ကြောင်းမပါရှိသည့် အတွက် မဲ ၃ စောင်သာပေးခဲ့ရကြောင်း – “ ကျွန်မ က အင်းတိုင်းရင်းသား ဖြစ်တဲ့ အတွက် မဲ ၄ ခု ပေးရမှာဖြစ်တယ် ဒါပေမဲ့ အခု ကျွန်မပေးချင်တဲ့ ပါတီအတွက် မဲတစ်ခုလျော့ သွားပါတယ် ”ဟု ဒေါ် ဝေဝေအောင်ကပြောသည် ။

မြို့နယ်ကော်မရှင်မှ လာရောက် ဖြေရှင်းပေးသော် လည်း အဆိုပါအငြင်းပွားသူများ အနေနှင့် မဲ ၃ စောင်သာပေးခွင့် ရခဲ့ကြောင်းသိရပြီး အထက်ပါ အငြင်းပွားမှုနှင့် ပတ်သက်၍ မြို့နယ်ကော်မရှင်ကို သတင်းမီဒီယာများမှ မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေရှင်းပေးခြင်းမရှိခဲ့ပေ ။

စဝ်စံထွန်းရပ်ကွက်သည် မဲရုံ (၆ )ရုံရှိပြီး မဲစာရင်းအရ မဲပေးနိုင်သည့် လူဦးရေ ပေါင်း ၇၂၈၀ ရှိ သည် ။

Leave a Comments

- Advertisement -spot_img

Latest article