သျှမ်းပြည်တောင်ပိုင်း ရဲဝန်ထမ်းတဦး CDM ပထမဆုံး ပါဝင်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် မူးယစ်ရဲဝန်ထမ်းတဦးမှ ပထမဆုံး CDM တွင်ပါဝင် လာခဲ့ကြောင်းသိရသည် ။ ပင်လောင်းမြို့နယ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂၆) မူးယစ် တစ်ဖွဲ့စုမှ တာဝန်ထမ်း ဆောင်နေသော ဒုရဲအုပ် တဦးသည် စစ်အာဏာရှင် လက်အောက် တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် အတွက် အာဏာဖီဆန်သည့် CDM...
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် မန်စံဘုန်းကြီးတပါး ကျည်စထိမှန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအနီးတွင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားမှုကြောင့် မန်စံဘုန်ကြီးကျောင်းမှ ဆရာတော်တပါး ကို ကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၂၇ ရက် တွင် တိုင်းရင်းသားလက်နက်ဖြစ်ကြသည့် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်းတို့...
ရဲ၊စစ်တပ် အကြမ်းဖက်ဖြိုခွင်းကြား သျှမ်းပြည်လူထု စစ်အာဏာရှင်ကိုဆက်လက်ဆန္ဒထုတ်
SHAN -
ရဲ၊စစ်တပ် အကြမ်းဖက် ဖြိုခွင်းမှုကြားက သျှမ်းပြည်လူထုတွေစစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော် နေကြပါတယ်။ မြန်မာနိုင်ငံတွင် မတ် (၂၈)ရက် “ Milk Tea Alliance ” လှုပ်ရှားမှုအနေနဲ့ လူထုတရပ်လုံး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ရာ ရဲ၊စစ်တပ်က ကျည်အစစ်ကို အသုံးပြုကာ သေနတ်ပစ်ခတ်ခြင်း၊...
တောင်ကြီးမြို့ပေါ် ဟိုတယ်တချို့ဗုံးထောင်ထားသည့် သတင်း ပြည်သူများအား ခြောက်လန့်ဟုဆို
SHAN -
ဖေဖော်ဝါရီ(၂၇) မနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့ UTC ဟိုတယ်နှင့် ကိုဆန်းငွေဆိုင်ကယ်ဆိုင်တို့တွင် အမည်မသိဖုန်းခေါ်ဆို မှုမှ တစ်ဆင့် ဗုံးထောင် ထားကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့များမှ ရှာဖွေမှုများပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည် ။ “ တောင်ကြီး မှာ ရုတ်ရုတ်သဲသဲဖြစ်တဲ့ အချိန်တိုင်း ဒီလိုဗုံးထောင်တဲ့...
တောင်းကြီး ဖမ်းဆီးခံကျောင်းသား တစ်ဦးလူထုဝန်းရံမှုကြောင့် လွတ်မြောက်
SHAN -
တောင်ကြီးမြို့တွင် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသော ကျောင်းသားတစ်ဦး ပြည်သူများ၏ ဝန်းရံမှုကြောင့် ပြည်လည်လွတ်မြောက်လာကြောင်းသိရသည် ။ ဖေဖော်ဝါရီ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ ၊ မြို့မဈေး ကြီး ရှေ့ စစ်အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုများ ပြုလုပ်နေသော လူငယ်တစ်စု အား ရဲတပ်ဖွဲ့ ဝင်များက အင်အားသုံး...
နမ္မတူမြို့နယ် အတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက် မနက် ၇နာရီမှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့...
ပင်လုံမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ပုံဖော်စာများဖျက်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၆)၌ လူငယ်များတစ်စုက “ နွေဦးတော်လှန်ရေး” စာကိုရေးသားနေချိန်တွင် ရဲတပ်ဖွဲ့များက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ နွေဦးတော်လှန်းရေး” စာနှင့် ပုံကို ရေးဆွဲပြီးခါနီးအချိန်တွင် ရဲတပ်ဖွဲ့များက ရောက်ရှိလာပြီး ရေးဆွဲသူတို့၏ မျက်နှာကို ပုံရိုက်သွားခဲ့ကြောင်းသိရသည်။ “ ကျနော်တို့ ဆွဲလို့ပြီးတော့မယ့် အချိန်မှာသူတို့...
ကျားဖြူပါတီ အာဏသိမ်းစစ်ကောင်စီ ရွေး/ကော်နှင့်တွေ့ ဆုံ
အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP အပါအဝင် နိုင်ငံရေးပါတီ ၅၃ပါတီတွေ့ဆုံကြောင်းသိသည်။ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် စစ်အာဏာသိမ်းကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေး/ကော် နှင့် နိုင်ငံရေးပါတီ ၅၃ ပါတီမှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ရာ ထိုထဲတွင်...
ကျေးသီး ရဲ၊တပ် နှောက်ယှက်မှုကြောင့် ဆန္ဒထုတ်ဖော်မှု၊ သံဗုံးတီးမှု ရပ်လိုက်ရ
သျှမ်းတောင် ကျေးသီးမြို့ပြည်သူများ စစ်အာဏာကျဆုံးရေး အတွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် စစ်ကား၊ ရဲကားများက အနှောက်အယှက်ပြုလုပ်သဖြင့် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းတွင် တပ်မတော် မှ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာပြီးနောက် မြန်မာတဝှမ်းပြည်သူများသည် ယနေ့ထိတိုင် စစ်အာဏာကျဆုံးရေး အတွက် ဆန့်ကျင်ဆန္ဒပြနေကြသည်။ မြန်မာတဝှမ်းနည်းတူ...
စစ်အာဏာရှင်ဆန့်ကျင်သည့် ကျိုင်းတုံမှ ၁၄ဦး မလွှတ်သေး
SHAN -
သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး ယနေ့ထိ မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦးထဲတွင် အမျိုးသမီး (၇)ဦးပါဝင်နေကြောင်း သိရသည်။ “ ဖမ်းခံရတဲ့သူအများစုက လူငယ်တွေ ၊ အရပ်သားတွေ နောက် လူမှုပရဟိတ လုပ်နေသူတွေပါ။...






