Tuesday, January 27, 2026

ရဲ၊စစ်တပ် အကြမ်းဖက်ဖြိုခွင်းကြား သျှမ်းပြည်လူထု စစ်အာဏာရှင်ကိုဆက်လက်ဆန္ဒထုတ်

ရဲ၊စစ်တပ် အကြမ်းဖက် ဖြိုခွင်းမှုကြားက သျှမ်းပြည်လူထုတွေစစ်အာဏာရှင်စနစ်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော် နေကြပါတယ်။

မြန်မာနိုင်ငံတွင် မတ် (၂၈)ရက် “ Milk Tea Alliance ” လှုပ်ရှားမှုအနေနဲ့ လူထုတရပ်လုံး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ရာ ရဲ၊စစ်တပ်က ကျည်အစစ်ကို အသုံးပြုကာ သေနတ်ပစ်ခတ်ခြင်း၊ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရေကား၊အသုံးပြုပြီး လူထုကို ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သျှမ်းပြည်မှာလည်း ယမန်နေ့ က စတင်ကာ သျှမ်းပြည်မြို့ကြီးတွေ ရေကားတွေ ၊မျက်ရည်ယိုဗုံးတွေ အသုံးပြီးပြီး စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ လူထုကို ဖြိုးခွင်းမှု စတင်ခဲ့ပါတယ်။

တောင်ကြီးမြို့မှာ ယမန်နေ့ က မျက်ရည်ယိုဗုံးတွေ၊ အသံမိုင်းတွေ၊ သေနတ်တွေ စတင်ဖောက်ခဲ့ပြီး ကျည်ထိမှန်ဒဏ်ရာရရှိသူမရှိခဲ့ကြသော်လည်း မျက်ရည်ယိုဗုံးကြောင့် ထိခိုက်သူအများကြီး ရှိကြောင်းတောင်ကြီး ဆန္ဒပြသူတွေ ပြောပြချက် အရ သိရပါတယ်။

“ မနေ့က ကျည်အစစ်နဲ့ ဖောက်တယ်။ ဒဏ်ရာရတော့မရှိဘူး။ မျက်ရည်ယိုဗုံး ဒဏ်ကို အဓိက ခံရတယ်” လို့ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ တဦးက ပြောပါတယ်။

ဆန္ဒထုတ်ဖော်တဲ့ လူအုပ်ကို ရဲ၊စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ယနေ့မှာလည်း တောင်ကြီး ပြည်သူတွေက ဆက်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပြီး၊ ရဲ၊စစ်တပ်တွေ စောင့်ဆိုင်းနေရာယူတဲ့ လမ်းမကြီးပေါ် မသွားဘဲ တခြားလမ်းတွေကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်ကြပါတယ်။

“ ဒီနေ့ တော့ ဆန္ဒထုတ်ဖော်နေတဲ့ သူတွေ ဟာ လမ်းမကြီးအတိုင်းမသွားကြဘူး။ ရပ်ကွက်ထဲပတ်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒထုတ်ကြတယ်။ ပြဿနာတော့ မဖြစ်ခဲ့ဘူး။ရပ်ကွက်ပြည်သူတွေလည်း ပူးပေါင်းပေးတယ်” လို့ ဆန္ဒထုတ်ဖော်မှုတွင် သတင်းလိုက်ယူနေတဲ့ သျှမ်းသံတော်ဆင့် သတင်းထောက် ပြောပြချက် အရသိရပါတယ်။

ဆန္ဒထုတ်ဖော်ရာ လမ်းတလျှောက်မှာ တောင်ကြီး ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက လုံခြုံရေး ပြန်ယူပေးပြီး ပူးပေါင်းပါဝင်ပေးကြတာတွေ ရှိကြောင်း သိရပါတယ်။

သျှမ်းမြောက် လားရှိုးမှာတော့ ယနေ့ (မတ် ၁)ရက် မနက် ၉ နာရီခွဲကျော်က စပြီး ရဲ၊စစ်တပ်တွေက မျက်ရည်ယိုဗုံးကို အသုံးပြုပြီး စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူလူထုတွေကို ဖြိုခွင်းမှုပြုလုပ်ခဲ့ပါတယ်။

“ ဒီနေ့ရေကားတော့ မသုံးဘူး။ ဒါပေမယ့် မျက်ရည်ယိုဗုံးကို အသုံးပြုတယ်။ ပြည်သူတွေ တားထားတဲ့ စည်းကို လည်း ရဲ၊စစ်သားတွေက ကျော်လာတယ်။ နောက်လူထုက နောက်ဆုတ်ပြီး အေးချမ်းနဲ့ ဆက်ဆန္ဒထုတ်တယ်။ ဒါလည်း မရဘူး မျက်ရည်ယိုဗုံးသုံးတယ်” လို့ လားရှိုးဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ အသက် ၂၇နှစ် အရွယ် အမျိုးသား က သျှမ်းသံတော်ဆင့် ကို ပြောပါတယ်။

စစ်အာဏာရှင် စနစ် မကျဆုံးသရွေ့ သျှမ်းပြည်သားတွေကတော့ ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမှာပါ လို့လည်း သျှမ်းပြည်သားတွေ ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၈)ရက်တွင် Milk Tea Alliance လူထုလှုပ်ရှားမှုကို လှုပ်ရှားကြပြီး ရဲ၊စစ်တပ်က ကျည်အစစ်ဖြင့် သေနတ်ပစ်ဖောက်ခြင်း၊ မျက်ရည်ယိုဗုံး၊ သံတုတ်၊ အသံဗုံးတွေကို အသုံးပြုပြီးလူထု ဖြိုခွင်းမှုကို ပြုလုပ်ခဲ့ပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာ အရ တရက်တည်းမှာ လူအယောက်ပေါင်း (၂၀)ဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၂၀၀) ဝန်းကျင် ရှိပြီး၊ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကောက်ယူထားတဲ့စာရင်း အရ သိရပါတယ်။

ယမန်နေ့ ရဲ၊စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် သေဆုံးမှုတွင် သျှမ်းပြည် တဦးတယောက်မှ မပါရှိသေးကြောင်း၊ ဖမ်းဆီးခံရတဲ့ ဦးရေ ကတော့ လားရှိုးမြို့ တွင် (၈)ဦးရှိကာ ယနေ့ချိန်ထိမလွှတ်ပေးသေးကြောင်း လားရှိုးမြို့စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် အသိုင်းအဝန်း မှ စုံစမ်းသိရပါတယ်။

စစ်အာဏာ ကျဆုံးရေး အတွက် နည်းမျိုးစုံသုံးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲ၊စစ်တပ်က အကြမ်းဖက် ဖြိုးခွင်း ပစ်ခတ်မှုပြုလုပ်နေသော်လည်း ပြည်သူများကတော့ နောက်ဆုတ်မသွားဘဲ ဆက်လက်ပြီး ဆန္ဒထုတ်ဖော်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

0
ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...