ပင်လုံမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ပုံဖော်စာများဖျက်ခံရ

0

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၆)၌ လူငယ်များတစ်စုက “ နွေဦးတော်လှန်ရေး” စာကိုရေးသားနေချိန်တွင် ရဲတပ်ဖွဲ့များက လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ နွေဦးတော်လှန်းရေး” စာနှင့် ပုံကို ရေးဆွဲပြီးခါနီးအချိန်တွင် ရဲတပ်ဖွဲ့များက ရောက်ရှိလာပြီး ရေးဆွဲသူတို့၏ မျက်နှာကို ပုံရိုက်သွားခဲ့ကြောင်းသိရသည်။

“ ကျနော်တို့ ဆွဲလို့ပြီးတော့မယ့် အချိန်မှာသူတို့ (ရဲတပ်ဖွဲ့) က ရာက်လာတာပေါ့နော်။ ကားထဲပါလာတဲ့ရဲတစ်ယောက်က ကင်မရာနဲ့ ကျနော်တို့ပုံကို ရိုက်ထားတယ်။ ပဋိပက္ခကတော့ မဖြစ်သွားပါဘူး။ သူတို့လာတာနဲ့ ကျနော်တို့က ထွက်လာလိုက်တာပါ” ဟု ရေးဆွဲသည့် အဖွဲ့တွင်ပါဝင်သည့် သူတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပုံဖော်ရေးဆွဲနေချိန် ရဲများက ရောက်ရှိလာပြီး အနက်ရောင်ဆေးများဖြင့် ဖျက်သွားကြောင်း သိရသည်။

“ စိတ်တော့မကောင်းဘူးပေါ့။ ဒီတိုင်းစိတ်ဓာတ်ခွန်အားဖြစ်အောင် ရေးဆွဲထားတာဗျ။ ဖျက်သွားတာ ကိစ္စမရှိပါဘူး။ ထက်ဆွဲလို့ရတယ်။ ကျနော်တို့ရင်ထဲမှာထွက်ပေါ်လာတာတွေကိုေ သူတို့ဖျက်လို့မရပါဘူး ” ဟု ထိုလူငယ်များက ပြောသည်။

“ နွေဦးတော်လှန်ရေး” စာသားကို ပင်လုံမြို့ အ.လ.က ၃ ကျောင်း၏ အနောက်ဖက် အုတ်တံတိုင်းဖက် တစ်ခြမ်းတွင်ရေးဆွဲထားသည်။

သျှမ်းပြည် အတွင်းရှိ မြို့များတွင် လူငယ်များရေးဆွဲထားသည့် “ We Want Democracy” ဆိုသည့် စာသားများလည်း မကြာခဏဖျက်ခံရကြောင်းသိရသည်။

Leave a Comments