Saturday, January 31, 2026

တောင်ကြီးမြို့ပေါ် ဟိုတယ်တချို့ဗုံးထောင်ထားသည့် သတင်း ပြည်သူများအား ခြောက်လန့်ဟုဆို

ဖေဖော်ဝါရီ(၂၇) မနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့ UTC ဟိုတယ်နှင့် ကိုဆန်းငွေဆိုင်ကယ်ဆိုင်တို့တွင် အမည်မသိဖုန်းခေါ်ဆို မှုမှ တစ်ဆင့် ဗုံးထောင် ထားကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့များမှ ရှာဖွေမှုများပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည် ။

“ တောင်ကြီး မှာ ရုတ်ရုတ်သဲသဲဖြစ်တဲ့ အချိန်တိုင်း ဒီလိုဗုံးထောင်တဲ့ သတင်းက အမြဲ ကြားနေကြတာ ဒီမြို့ကလူတွေ အသိပဲ ခုလဲ သူတို့ဘာရည်ရွယ်ချက်နဲ့လုပ်လဲဆို တာ သူတို့ အသိဆုံးပေါ့ လူတွေ လမ်းပေါ် မထွက်ရဲအောင် လုပ်တဲ့ ဒီဆိုက်ဝါး တွေကို ပြည်သူတွေ အယုံ အကြည်မရှိပါဘူး ” ဟု သစ်တောရပ်ကွက်နေ တောင်ကြီး မြို့ခံတစ် ဦးကပြောသည် ။

ဗုံးထောင်ထား ကြောင်း သတင်းရသည် ဟုဆိုသည့် ဟိုတယ်လေးလုံးမှာ UTC ၊ ဂရေ့ ၊ ချယ်ရီကွင်း ၊ ရတနာနန်းတော် ဟိုတယ် ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ ဟိုတယ်(၄) လုံးအား ဗုံးရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည် ။

စစ်အာဏာရှင်ဆန့်ကျင်ရေး အနေနှင့် တောင်ကြီး မြို့ခံပြည်သူများမှ နေ့စဉ်နှင့် အမျှ လမ်းပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်လျှက်ရှိပြီး ၈၈ မျိုးစက်အဖွဲ့ဝင်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အား ရဲတပ်ဖွဲ့မှအကြောင်းမဲ့ ဖမ်းဆီး မှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...