တောင်းကြီး ဖမ်းဆီးခံကျောင်းသား တစ်ဦးလူထုဝန်းရံမှုကြောင့် လွတ်မြောက်

0

တောင်ကြီးမြို့တွင် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသော ကျောင်းသားတစ်ဦး ပြည်သူများ၏ ဝန်းရံမှုကြောင့် ပြည်လည်လွတ်မြောက်လာကြောင်းသိရသည် ။


ဖေဖော်ဝါရီ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ ၊ မြို့မဈေး ကြီး ရှေ့ စစ်အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုများ ပြုလုပ်နေသော လူငယ်တစ်စု အား ရဲတပ်ဖွဲ့ ဝင်များက အင်အားသုံး ဝင်ရောက်ဖြိုခွင်းကာ ဖမ်းဆီးမှု ကြောင့် အသက် (၁၆) နှစ်အရွယ် ကျောင်းသားတစ်ဦး ဖမ်းဆီးခံရကြောင်းမြို့ခံများ ထံမှသိရသည် ။

“ အဖမ်းခံရတဲ့ တစ်ယောက်က ဒုတိယနှစ် ဘူမိဗေဒ ကကျောင်းသားတစ်ဦးပါ သူက ခြေထောက် စတီးချောင်း ထည့် ထားရတော့ ခြေထောက်သိပ်မသန်ဘူး ရဲတွေဖမ်းတဲ့ အချိန်အရိုက်ခံသေးတယ် ”ဟု ၎င်းနှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည် ။


အဆိုပါဖမ်းဆီးခံရသော ကျောင်းသားပြန်လည်လွတ်မြောက်ရေး အတွက် မြို့ခံပြည်သူ များမှ မြို့မရဲစခန်းရှေ့တွင် လာရောက်ဝန်းရံချိန်တွင် ရဲတပ်ဖွဲ့မှအင်အားသုံး လမ်းများ ပိတ်ဆို့ခဲ့ ပြီးလူစုခွဲရန် သတိပေး ခြင်းများ ပြုလုပ်နေသော်လည်း မြို့ခံပြည်သူများမှ ဖမ်းဆီးခံကျောင်းသားပြန်လည်မလွတ်မြောက် လာသ၍ လူစုခွဲ ထွက်ခွာသွားမည်မဟုတ် ကြွေးကြော်နေသောကြောင့် ည ၇ နာရီ ကျော်အထိ အခြေအနေတင်း မာမှုများဖြစ်ပွားခဲ့သည် ။


“တောင်ကြီးကကလေးတစ်ယောက် အဖမ်းခံရတဲ့ သတင်းကြားတာနဲ့ ကျွန်တော်တို့ ရွှေညောင်က လူထုတွေ လမ်းပေါ်ထွက်ပြီး လမ်းပိတ်ဆို့ ထားလို့ ဒီနေရာမှာပဲ ပြန်လွှတ်ပေးလိုက်ရပါတယ် ” ဟုရွှေညောင် မြို့ခံ တစ်ဦးကပြောသည် ။


တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင့်သည့် လှုပ်ရှားမှုများပြုလုပ်သူများ ကို ရဲတပ်ဖွဲ့များ က ဖမ်းဆီး ရာတွင် ရဲစခန်းတွင် မထားတော့ ပဲ တောင်လေးလုံး အကျဉ်း ထောင် သို့တိုက်ရိုက်ပို့ ဆောင်နေသောကြောင့် ရွှေညောင် နှင့် ညောင်ရွှေမြို့ရှိ လူထုများမှ တောင်လေးလုံး မရောက်မှီ လမ်းခုလတ်တွင် ပိတ်ဆို့ ထားသောကြောင့် အဆိုပါကျောင်းသားညတွင်းချင်း ပြန်လည်လွတ်မြောက်လာကြောင်းစုံစမ်းသိရှိရပါ သည် ။

Leave a Comments