Thursday, January 29, 2026

တောင်ကြီး စစ်မှုထမ်းအပတ်စဉ်(၁)ထဲ စုဆောင်းခံရပြီး ရှေ့တန်းတွင်သေဆုံးမှု ခြောက်လကြာမှ မိသားစုဝင်များထံ အသိပေး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အမှတ်စဉ် (၁) အဖြစ် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းခြင်းခံရပြီး သေဆုံးသွားကာ ခြောက်လကြာမှ မိသားစုထံ အသိပေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုသတင်းပေးမှုကြောင့် ယမန့်နေ့ (သြဂုတ် ၁၂)ရက်တွင် နာရေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် မောင်ချမ်းမြေ့အောင်သည် စစ်ကောင်စီ၏ အမှတ်စဉ်(၁) သင်တန်းကို ပြီးခဲ့သည့် ၂၀၂၄ခုနစ် ဧပြီ ၂၈ရက်တွင် ဟိုပုံးမြို့ စစ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။

ထို့နောက် လားရှိုးရှေ့တန်းစစ်မြေပြင်သို့ ပို့ခံရပြီး လွန်ခဲ့သည့် (၆)လတွင် ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် စာရေးမ ဒေါ်အိအိခင်တို့က ပြီးခဲ့သည့် ရက်ပိုင်းတွင် ၎င်း၏ မိသားစုဝင်များထံ အကြောင်းကြားခဲ့ကြောင်း TGI Support Revolution ၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

ထို ၂၀၂၄ခုနစ် ဧပြီလနှောင်းပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့က မောင်ချမ်းမြေ့အောင်ကို ဆေးစစ်မည်ဟုဆိုပြီး ခေါ်ဆောင်သွားရာမှ တပ်သားအသစ်အနေဖြင့် အတင်းအဓမ္မ စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။

“နောက်ဆုံးအဆက်သွယ်ရခဲ့တုန်းက လားရှိုးနားက စစ်မြေပြင်တစ်ခုမှာ ရောက်နေတာတဲ့။ အမေရေ သားတော့ ပြေးနေရတယ်။ အပေါ်ကနေ ဒရုန်းတွေ ဝဲနေလို့ဆိုပြီး ပြောတာ။ အဲနောက်ပိုင်း အဆက်သွယ်မရတော့ဘူး။”ဟု မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးထံက ပြောသည်။

ထို့အပြင် စစ်မှုထမ်းကြေး ရသည့် ကျပ်သိန်း (၅၀)ကိုလည်း စစ်သားစုဆောင်းခံရသူ မောင်ချမ်းမြေ့အောင် မိသားစုကို ငွေကျပ်(၈)သိန်းသာ လာရောက်ပေးကာ အတင်းလက်မှတ်ထိုးခိုင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။


တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းခံရသူ အများအပြားရှိပြီး ထိုသူများသည် ရှေ့တန်းသို့ပို့ဆောင်ခဲ့ရကာ သတင်းအစအန မရရှိသေးသူများလည်းရှိကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တောင်ကြီးမှာ စစ်သားစုဆောင်းခံရပြီး ပြန်ရောက်လာတဲ့ သူဆိုတာ မရှိဘူး။ ရှေ့တန်းမှာ သေဆုံးသွားခဲ့တဲ့ သူတွေများတယ်။ပြီးရင် နောက်ကျပြီးမှ သေတဲ့ အကြောင်း မိသားစုကို အကြောင်းကြားတာ။ ဒီလိုသာ ဆက်လုပ်နေရင် လူသားအရင်းမြစ်လည်း ဆုံးရှုံးသလို လူငယ်တွေ ဘဝလည်း ရှင်ရက်နဲ့ သေနေသလို ဖြစ်နေမှာ။”ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

တောင်ကြီးမြို့ အတွင်းရှိ ကျောင်းကြီးစုရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ညောင်ဖြူစခန်း ရပ်ကွက်၊ ချမ်းမြသာစည် ရပ်ကွက် စသည့် ရပ်ကွက်များတွင် နည်းမျိုးစုံဖြင့် စစ်မှုထမ်းခေါ်ခံရပြီး လူငယ်များ ရှေ့တန်းတွင် သေဆုံးသူများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ညအချိန်၌ ရဲနှင့် စစ်သားများက တောင်ကြီးမြို့ ရပ်ကွက်များတွင် ညအချိန် အလုပ်မှပြန်လာသူ လူငယ်များကို ဖမ်းဆီးကာ လူစားထိုးကာ ရှေ့တန်းပို့နေကြောင်း သိရသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် စစ်ကောင်စီရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ဆေးမှုများတင်းကြပ်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...