နမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် မန်စံဘုန်းကြီးတပါး ကျည်စထိမှန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအနီးတွင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားမှုကြောင့် မန်စံဘုန်ကြီးကျောင်းမှ ဆရာတော်တပါး ကို ကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် တွင် တိုင်းရင်းသားလက်နက်ဖြစ်ကြသည့် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်းတို့ တိုက်ပွဲဖြစ်ပွားကာ မန်စံဘုရားကျောင်း ကို ကျည်ထိမှန်ခဲ့ပြီး၊ ထိုကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် ၈၅၊ ဝါတော် (၄၀) ၏ ညာဘက်ခြေခုံ ကျည်စ ထိမှန်ခဲ့ကြောင်း မန်စံ ဒေသခံ စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

“ ဆရာတော်ခြေထောက်ကို ကျည်ထိသွားတာ။ နည်းနည်းထိသွားတယ်။အခုတော့ လားရှိုးမှာဆေးကုနေတယ်။ မစိုးရိမ်ရပါဘူး” ဟု မန်စံ စစ်ရှောင်များကို ကူညီနေသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲကြောင့် နမ္မတူမြို့နယ် မန်စံကျေးရွာ နှင့် နောင်အော်ကျေးရွာတွင်လည်း လက်နက်ကြီးကျကာ အိမ်မွေးတိရိစ္ဆာန်များ၊ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ မနေ့က ဖြစ်တဲ့တိုက်ပွဲက ကျေးရွာထဲလက်နက်ကြီးကျတာပဲ။ တိရိစ္ဆာန်တွေသေတယ်။ နေအိမ်တွေ မှန်ကွဲတယ်။ တံခါးတွေ၊ ခေါင်မိုးတွေ အပေါက်တွေ ဖြစ်ကုန်တယ်” ဟု မန်စီတွင်နေထိုင်သည့်သူ တဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင်နေထိုင်သည့် ဒေသခံ ပြည်သူ (၁၅၀)ကျော်ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်

“ စစ်ရှောင်တွေက မိုင်းမုရွာမှာ တချို့ရှိတယ်။ နမ္မတူရွှေမြင်သာဘုန်းကြီးကျောင်းမှာ တချို့ ရှိပါတယ်” ဟု စစ်ဘေးရှောင် ကော်မတီ လုံဘဉာဏ်က ပြောသည်။

လက်ရှိအချိန်ထိ နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ကြားစစ်ရေး တင်းမာနေဆဲဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...