Sunday, February 1, 2026

ကျားဖြူပါတီ အာဏသိမ်းစစ်ကောင်စီ ရွေး/ကော်နှင့်တွေ့ ဆုံ

အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP အပါအဝင် နိုင်ငံရေးပါတီ ၅၃ပါတီတွေ့ဆုံကြောင်းသိသည်။


ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် စစ်အာဏာသိမ်းကောင်စီ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေး/ကော် နှင့် နိုင်ငံရေးပါတီ ၅၃ ပါတီမှကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ရာ ထိုထဲတွင် SNDP ဟုလူသိများသည့် ကျားဖြူပါတီလည်း ပါဝင်ခဲ့သည်။ တက်ရောက်သူ စာရင်းအရ ကျားဖြူပါတီ မှ အထွေထွေအတွင်းရေးမှူး စိုင်းအုန်းကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

သျှမ်းအမျိုးသား အကျိုးအတွက် ရည်ရွယ်ပြီး သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း လည်း SNDP အဖွဲ့ဝင် တဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။


ရွေးကောက်ပွဲ မသမာမှုကြောင့် ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက် မနက်က တပ်မတော် မှ နိုင်ငံတော် အာဏာကို သိမ်း(ထိန်း) ခဲ့ရကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ရွေးကောက်ပွဲပြန်ကျင်းပရန်လည်း ကြေညာခဲ့သည်။


ကမ္ဘာတဝှမ်းနှင့် မြန်မာပြည်သူများက ရွေးကောက်ပွဲ တခုတည်းနှင့် အာဏာသိမ်းယူရသည့်အဆင့်သည် တိကျသေချာသည့် အကြောင်းပြချက်ကောင်းမဟုတ်ကြောင်း ပြောဆိုကာ နေ့စဉ်နှင့်အမျှ ဆန္ဒထုတ်ဖော်နေကြသည်။


ထို့အပြင် ရွေးကောက်ပွဲ ပြန်ကျင်းပရန်အတွက်လည်း ပြည်သူများက လက်မခံကြောင်း၊ ပြည်သူရဲ့ မဲကို အသိအမှတ်ပြုရန် နှင့် ပြည်သူတင်မြောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကိုသာ အသိအမှတ်ပြုပေးရန် ယနေ့ထိတိုင် မြန်မာတဝှမ်းလုံးရှိပြည်သူများက တောင်းဆိုနေကြသည်။


၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ သျှမ်းပြည်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) မဲအများဆုံးဖြင့် အနိုင်ရရှိပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)က ဒုတိယနေရာအများဆုံးအနိုင်ရရှိထားပြီး ပါတီဖြစ်သည်။ လက်ရှိ စစ်ကောင်စီ တင်မြှောက်ထားသည့် ပြည်ထောင်စု ရွေး/ကော်နှင့် သွားရောက်တွေ့ဆုံသည့် ကျားဖြူ (SNDP)သည် မဲတမဲဖြင့်သာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။


ယနေ့ တွေ့ဆုံပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်သွားပြီးဖြစ်ောကာင်းလည်း စစ်အာဏာသိမ်းကောင်စီ ၏ ရွေး/ကော် ဥက္ကဌသစ် ဦးသိန်းစိုး က ပြောဆိုလိုက်သည်။


ထို့သို မြန်မာပြည်တဝှမ်းပြည်သူများအနေဖြင့် မိမိတို့မဲပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြုကြပြီး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ အသိအမှတ်ပြုသွားမည်ဟု ပြောဆိုလိုက်သည်။ မြန်မာတဝှမ်းပြည်သူများကလည်း စစ်အာဏာရှင်ကို အရှိန်အဟုန် မြင့်တင်ကာ နည်းမျိုးစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော်လည်း စစ်အာဏာသိမ်းကောင်စီရဲ့ ရဲ၊တပ်သားများက အကြမ်းဖက်ဖြိုးခွဲမှုများကို ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့နှင့် NSPNC တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

0
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)တို့တွင် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...