ဖေဖေါ်ဝါရီလ ၇ ရက်နေ့ သျှမ်းပြည်အမျိုးသားနေ့မှ ညီညွှတ်လွတ်မြောက်ရေးနေ့သို့
SHAN -
ဖေဖေါ်ဝါရီလ ၇ ရက် ဒီကနေ့ဟာ သျှမ်းပြည်အမျိုးသားနေ့၊ မြန်မာ့တပ်မတော် အာဏာသိမ်းခဲ့တာ ၇ ရက်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် က ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဟာ သျှမ်းလူထု ကိုယ်စားလှယ် ၇ ဉီး သျှမ်းစော်ဘွား ၇ ဉီး တို့ စုပေါင်းညီညွှတ်ခဲ့လို့...
စစ်အာဏာရှင်ကိုဆန့်ကျင်သည့် လွိုင်လင်ဆေးရုံအုပ်ခေါ်စစ်ဆေးခံရ
ဖဲကြိုးနီ လှုပ်ရှားမှုတွင် ပါဝင်သည့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ နယ် ဆေရုံးအုပ် ကို ရဲစခန်းမှ ယနေ့ (ဖေဖော်ဝါရီ ၆)ရက် ညနေ ၅နာရီ တွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက် တွင် လွိုင်လင်မြို့နယ် ဆေးရုံမှ ကျန်းမာရေး...
ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပြီဆိုသည့် သတင်းတုထွက်
၁၂ နာရီကျော်ကြာ အင်တာနက်ဖြတ်တောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီဆိုသည့် သတင်းတုများ စတင်ဖြန့်လာသည်။ တပ်မတော်အာဏာသိမ်းမှုကို ယနေ့ (ဖေဖော်ဝါရီ ၆)ရက် တွင် မြန်မာနိုင်ငံတဝှမ်း ပြည်သူများ အရှိန်မြင့် လှုပ်ရှားလာကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွှတ်ပေးရန် တောင်းဆိုမှုတွေ ကို ပြုလုပ်ခဲ့သည်။...
သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံကြား တိုက်ပွဲ အရပ်သား ၆ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံ ကြား တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား (၆)ဦးသေဆုံးကာ ကျည်ထိမှန်သူများလည်း ရှိကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၅ ရက် ယနေ့မွန်းလွဲ ၂နာရီခွဲ ဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ နှင့် နားတီးကျေးရွာ ကြားတိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၆ဦး ကျည်ထိမှန်သေဆုံးသွားသည်။၊...
စစ်အာဏာရှင် ကို ဆန့်ကျင်သည့် ဖဲကြိုးနီ လှုပ်ရှားမှု ပိုများလာ
စစ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ အစိုးရဝန်ထမ်းများ ဖဲကြိုးနီ Red Ribbon Campaign ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုများ တရက်ထက် တရက် ပိုမိုများလာသည်။ တပ်မတော်သည် ဖေဖော်ဝါရီ ၁ရက် မနက်မှ စတင်ကာ နိုင်ငံတော် မှ အာဏာကို သိမ်းယူခဲ့ပြီး၊...
သိန္နီ-ကွမ်လုံကြား တိုက်ပွဲဖြစ် အရပ်သားကျည်ထိမှန်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း သိန္နီ-ကွမ်လုံ ကြား နားတီးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွါးရာ အရပ်သားထိမှန်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၅ ရက် ယနေ့မွန်းလွဲ ၁ နာရီဝန်းကျင်က နားတီးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားကြောင်း၊ လူထိမှန်မှု ရှိ ကြောင်း၊ လက်ရှိမှာ ကားလမ်းပိတ်ထားကြောင်း သိန္နီမြို့နယ် ရွေးကောက်ခံ ပြည်နယ်...
နေပြည်တော်တွင် ကျန်နေသည့် NLD အမတ်များ လွှတ်တော်ခေါ်ယူကာ ကျမ်းကျိန်
၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ (ဖေဖော်ဝါရီ ၄)ရက် မနက်ပိုင်းတွင် နေပြည်တော် စည်ပင်ရိပ်သာ၌ လွှတ်တော်ခေါ်ယူကာကျမ်းကျိန်ခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ နေပြည်တော် စည်ပင်ရိပ်သာတွင် ကျန်ရှိသည့် NLD လွှတ်တော် အမတ်...
Facebook လူမှုကွန်ရက် ကို နည်းမျိုးစုံ ဆက်မသုံးနိုင်အောင် စစ်အာဏာရှင်က ညွှန်ကြားထား
စစ်အာဏာသိမ်းပြီး ၄ ရက်မြောက်နေ့ မြန်မာပြည်သူများ သုံးစွဲနေသည့် Facebook လူမှု ကွန်ရက် စာမျက်နှာ ပိတ်ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန က ယနေ့ (ဖေဖော်ဝါရီ ၄)ရက် စွဲဖြင့် ညွှန်ကြားထားသည်။ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း စစ်တပ်မှ...
စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်
စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ (ဖေဖော်ဝါရီ ၄)ရက်တွင် ဆန့်ကျင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အယောက် (၅၀)ကျော်သည့် ယနေ့မနက် (၈နာရီကျော် မှ ၉ နာရီ)ထိ စစ်အာဏာရှင် စနစ်ကို...
တရားနည်းလမ်းကျ ယှဉ်ပြိုင်အနိုင်ရမှုကို အသိအမှတ်ပြုရန် SNLD တိုက်တွန်း
ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြု လက်ခံရန် SNLD က တိုက်တွန်းတောင်းဆိုလိုက်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရား နည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်...






