သီပေါမြို့ စစ်ဘေးရှောင် (၂၀၀) နေရပ်ပြန်

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်း တွင်ခိုလှုံသည့် စစ်ဘေးရှောင်(၂၀၀) ဝန်းကျင်သည် ယနေ့ (မတ် ၃၀)ရက်၌ နေရပ်ကို ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

” ဒီနေ့ပြန်သွားကြပြီ။ ဘိုးတော်ကျောင်းမှာက ကလေး နဲ့ လူကြီးပိုင်းတွေပဲ ကျန်တယ်။ စဉ့်အင်ကျာင်းမှာလည်း ကျန်သေးတယ်။ မပြန်သေးဘူး” ဟု စစ်ဘေးရှောင်သူများကို ကူညီနေသည့် အမျိုးသမီး တစ်ဦးကပြောသည်။

လက်ရှိမှာ အောင်မင်္ဂလာ ဘိုးတော်ဘုန်းကြီးကျောင်း စစ်ရှောင် ၂၀၀ ဝန်းကျင် နေရပ်ပြန်သွာားသော်လည်း ထိုကျောင်းတွင် ကလေး နှင့် လူကြီး ၂၀ ကျန်ရှိနေသေးကြောင်း၊ နေရပ်ပြန်ရန် ခက်ခဲမှုရှိသောကြောင့် အခြေနေကို စောင့်ကြည့်နေရကြောင်း သိရသည်။

စဉ့်အင်ကျောင်းတွင် စစ်ဘေးရှောင် ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်းသိရသည်။

သီပေါမြို့နယ်တွင် RCSS နှင့် SSPP တို့ မတ်လ ၁၈ ရက်နေ့မှ စပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေသေးကြောင်း သိရသည်။

Leave a Comments