Friday, April 26, 2024

မူဆယ်မြို့နယ် ရေအားလျှပ်စစ်စက်ရုံ အနီး တိုက်ပွဲဖြစ်၊ စက်ရုံဝန်ထမ်း (၅)ဦးထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေ အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံအနီး တိုက်ပွဲဖြစ်ပွားရာ စက်ရုံဝန်ထမ်း ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ် (၂၈) ရက်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် နေ့လည် ၁ နာရီခွဲ မှ ညနေ ၆ နာရီထိ လက်နက်ကြီး လက်နက်ငယ်အသံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အသံကြားရကြောင်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“စစ်ကောင်စီဘက်က တစ်ယောက် ထိခိုက်ဒဏ်ရာရပြီး ခြေထောက်ဖြတ်ရတယ်။ ကုမ္ပဏီဘက်က ၅ ယောက် ထိခိုက်ဒဏ်ရာရပါတယ်” ဟု မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ရေအားလျှပ်စစ်စက်ရုံ ပတ်ဝန်းကျင်နား ဖြစ်ပွားခဲ့သည့်အတွက် စက်ရုံဝန်ထမ်းများ ကားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

“ရေအားလျှပ်စစ်စက်ရုံက ကားလည်း ၂ စီး ၃ စီးလောက် ပျက်စီးသွားတယ်” ဟု မျက်မြင်သက်သေ များက ပြောဆိုကြသည်။

အလားတူ မူဆယ်မြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ဒေသခံ ပြည်သူများ ထိုခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မတ်လ (၂၇) ရက် တွင် အမျိုးသားတစ်ဦး ကျဆုံးခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article