Wednesday, April 24, 2024

တာချီလိတ်မြို့တွင် Live လွှင့်သည့် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

Must read

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ရန်အောင်ရပ်ကွက် ပါလျှံ(၁)တွင် ယနေ့ (မတ် ၂၇)ရက် မနက်ပိုင်း (၁၁)နာရီ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့မှ သံသယရှိနေအိမ်များကို ဝင်ရောက်ရှာဖွေမှု ပြီး ရပ်ကွက် အတွင်း ကင်းလှည့်နေစဉ် Win Thuzar အကောင့် မှ Live (တိုက်ရိုက် )လွှင့်မှုကို သိရှိသွားသည့်အတွက် ချက်ချင်းစုံစမ်းရှာဖွေ ဖမ်းဆီးသွားကြောင်း သိရသည်။

“ မနက်က တအိမ်ဝင်၊တအိမ်ထွက် လိုက်စစ်တယ်။ သူတို့သံသယရှိသူတွေကို လိုက်ပြီး မေးတယ်။ အဲ့မှာ ကောင်မလေးက Live လွှင့်တဲ့အတွက် ဖမ်းသွားတာပါ” ဟု တာချီလိတ်ဒေသခံ တဦး က ပြောသည်။

ယနေ့ တာချီလိတ်တွင် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်ကောင်စီမှ ကားဖြင့်တိုက်ဖမ်းခြင်း၊ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူငယ် (၂)ဦး ဖမ်းခံရပြီး ၊ (၄)ဦးဒဏ်ရာရရှိသည်။

ထိုနည်းတူတာချီလိတ် မြို့တွင်း အိမ်အရောက် ပစ္စည်းပို့စနစ် ဝန်ဆောင်မှု( Delivery )ပေးနေသည့် လူငယ်တစ်ဦးကိုလည်း အကြမ်းဖမ်း စစ်ကောင်စီ က ယနေ့(မတ် ၂၇)ရက် မနက်ပိုင်းတွင် ဖမ်းဆီးသွားသည်။

ထို့ပြင် တာချီလိတ်မြို့ ရန်အောင်မြေ( ပါလျှံ) ရပ်ကွက်တွင်နေထိုင် သူ ဆိုင်ကယ်စီးလာသည့် ညီအကို (၂)ကိုလည်း စစ်ကောင်စီက ဆိုင်ကယ်ပေါ် ဆွဲချကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

Leave a Comments

- Advertisement -spot_img

Latest article