Tuesday, January 27, 2026

တောင်ကြီး လူငယ်(၄)ဦး ကျဆုံး၊ အမျိုးသမီး တဦးပါ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ (မတ် ၂၅)ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး တဦး ပါရှိကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီသည် တောင်ကြီးတမြို့လုံးနီးပါးရှိ ဆန္ဒပြသပိတ်များကို ကျည်အစစ်သုံးကာ ဖြိုခွင်းမှုပြုလုပ်သဖြင့် လူငယ် ၄ဦး ကျဆုံးကာ၊ထိုထဲတွင် အမျိုးသမီး လူငယ်တဦးလည်း ပါရှိကြောင်း မြေပြင် သတင်းအရ သိရသည်။

“ ဒီနေ့ ကျဆုံးက ၄ဦးရှိတယ်။ အမျိုးသမီး တဦးပါတယ်။ နောက် ကျဆုံးသွားတဲ့ အလောင်းကို စစ်ကောင်စီ က လုယူထားတာရှိတယ်။ ဒီနေ့ က တမြင်ကို ဦးခေါင်းထိအောင်ပစ်တယ်။ ရင်ဘတ်ထိအောင်ပစ်တယ်” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ဆက်လက်ပြီး အထက်ပါ လူငယ်က “ ကျဆုံးသွားတဲ့ ရုပ်အလောင်းကိုတောင် ရဲတွေက လုယူသွားသေးတယ်။ တရွက်တိုက်ဆွဲသွားတယ်” ဟု ပြောပြသည်။


အကြမ်းဖက်စစ်ကောင်စီသည် တောင်ကြီးမြို့ ရပ်ကွက်ထဲရှိ လမ်းများ၊ နေအိမ်များကို ဝင်ရောက်ကာ ကျည်အစစ်သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ နေအိမ်ထဲ ဝင်ကာ ပြည်သူပိုင်ပစ္စည်းများကို ရိုက်နှက်ခြင်း၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်း နှင့် ကားဆီများထုတ်ယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ပြည်သူများပြောပြချက် အရသိရသည်။

“ လမ်းပေါ်ထားတဲ့ ကားတွေ ရဲ့ မှန်တွေကို ရိုက်တယ်။ ကားထဲမှာ ရှိတဲ့ ပစ္စည်းတွေယူသွားတယ်။ ဆီပါထုတ်ယူတယ်။ ဆိုင်ကယ်တွေလည်း ဖျက်ဆီးထားတာ နည်းတာမဟုတ်ဘူး” ဟု တောင်ကြီး ဒေသခံ တဦးက ဆိုသည်။

ထို့အပြင် တောင်ကြီး မြို့မရပ်ကွက် ရှိနေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကာ အမျိုးသမီးတဦးကို ဆံပင်ဆွဲ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ရုပ်သံလည်း လူမှု ကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။


“ Gym (အားကစားရုံ) က ဆရာမပါ။ သူကို ပါးရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ နောက်ဖမ်းခေါ်သွားတယ်။ သူ့ အခန်းကိုလည်း လေးဂွနဲ့ပစ်တယ်။ ဒီရဲတွေ ပုံမှန်စိတ်တော့မဟုတ်လောက်ဘူး” ဟု ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ယနေ့ တောင်ကြီးမြို့ ဆန္ဒပြသည့် လူငယ် အယောက် ၂၀ကျော် အကြမ်းဖက် စစ်ကောင်စီ က ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည်။
ယနေ့ (မတ် ၂၅)ရက်မှာ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ ရဲ (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

မတ် (၁၉ )ရက် တွင်လည်း သျှမ်းတောင် အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက သေနတ်ပစ်ဖြိုခွင်းကာ လူငယ် (၉ )ဦးထက်မနည်း ကျဆုံးခဲ့ပြီး၊ အများအပြား ဖမ်းဆီးခဲ့ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”

0
“တို့ဆေး”ရဲ့ အစွမ်းကြောင့် ပါလာတဲ့ပစ္စည်းတွေ လုယက်ခံရ၊ ငွေလိမ်လည်ခံရတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စနဲ့ ကြားလာရပါတယ်။ အဆိုးရွားဆုံးကတော့ “တို့ဆေး”ကြောင့် အမျိုးသမီးငယ်တစ်ယောက် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပြန်လွတ်လာတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တစ်ချိန်တစ်ခါက အေးချမ်းပြီး စိတ်လုံခြုံမှု အရှိဆုံးဆိုတဲ့ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ...