Tuesday, January 27, 2026

ကျိုင်းတုံမြို့ဝင်၊ထွက် ဂိတ်များ စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် အဝင်၊ အထွက် ဂိတ်များတွင် စောင့်ဆိုင်းကာ အကြမ်းဖက် စစ်ကောင်စီအုပ်စုမှ ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်ယူပြီး ဖေဖော်ဝါရီ ၁ရက် မှစတင်ကာ ကျိုင်းတုံမြို့နယ်အတွင်း စစ်ဆေးမှု တင်းကြပ်လာသော်လည်း ယခုရက်ပိုင်းမှာ စစ်အင်အား အလုံးအရင်းဖြင့် စစ်ဆေးမှုများကို ပြုလုပ်နေကြကြောင်း ကျိုင်းတုံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ အာဏာသိမ်းကတည်းက စစ်တပ်က နေရာတိုင်းရောက်လာတယ်။ ဒါပေမယ့် ဒီ၂ရက် ၃ရက် က တော့ မြို့ အဝင်အထွက် ဂိတ်တွေမှာ စစ်အင်အား ၂၀ကျော် ၃၀ နီးပါးနဲ့ ဆိုင်ကယ်။ ကားတွေကို စစ်တယ်။ စစ်ဆေးမှုကလည်း အရင်ကထက် ကြမ်းတယ်” ဟု ကျိုင်းတုံ ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံမြို့ ဝင်ဂိတ်များတွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ကျေးရွာမှ မြို့ပေါ်သို့ တက်လာမည့် သူများကို ပိုပြီး တင်းကြပ်စွာစစ်ဆေးကြောင်းလည်း ဒေသခံများက ထပ်လောင်းပြောသည်။

“ မိုင်းခတ်၊ မိုင်းယန်း ဘက်ကလမ်းက ပိုစစ်တယ်။ ရွာထဲကနေ မြို့ပေါ်လာရင်ပိုစစ်တယ်” ဟု ကျိုင်းတုံမှာ စိုင်းတစ်က ပြောသည်။

ကျိုင်းတုံမှ တခြားမြို့ သို့ သွားပြီး ရောင်းဝယ်လုပ်ရန် ခက်ခဲနေကြောင်း၊ မြို့ ဝင်၊ထွက်လမ်းအားလုံး စစ်ဆေးမှုပြီး ကားဈေးလည်းတက်နေသဖြင့် သွားလာမှု ခက်ခဲနေကြောင်းလည်း သိရသည်။

“ အခုနောက်ပိုင်း ရောင်းဝယ်သူတွေခက်ခဲတယ်။ လမ်းသွားလည်းခက်တယ်။ ကားဈေးတွေကလည်း တဦးလျှင် ၅ထောင်ကျပ်ကနေ အခု ၄သောင်းကျပ်၊ ၅သောင်းကျပ် ထိ တက်သွားတယ်” ဟု စိုင်းတစ် က ပြောသည်။

သျှမ်းရှေ့ ကျိုင်းတုံသည် မိုင်းလား ဒေသ၊ UWSA နှင့် ထိုင်းနယ်စပ်ဒေသကို သွားလာရာ အချက်အခြာကျသည့် နယ်မြေတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...