သီပေါမြို့ စစ်ဘေးရှောင် ၄၀၀ ကျော် အစားသောက် ခက်ခဲမှုရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်း စစ်တပ် ၂ တပ် စစ်ဖြစ်ပွားကြောင့် စစ်ဘေးရှောင်၄၀၀ ကျော်ရှိပြီး အစားသောက်ခက်ခဲမှုရှိကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် အောင်မင်္ဂလာ ဘိုးတော်ကျောင်းတွင် စစ်ဘေရှောင်းပြည်သူများ ၁၀၀ ထက်တိုးလာကြောင်းသိရသည်။

” မနေ့က ၃ ရွာလောက်က ထပ်ပြီး စစ်ဘေးရှောင်လာခဲ့ကြတယ်။ ခုက ဘိုးတော်ကျောင်းမှာဘဲ လာနေကြတယ်။ အခုဆို ၄၀၀ ကျော်ရှိတယ်။ ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တဦးက ပြောသည်။

သီပေါမြို့နယ် အတွင်း စစ်ရေး ထပ်မံ ပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ဘေးရှောင်ပြည်သူများ ရာက်ရှိလာပါက အစားအသောက်အခက်ခဲရှိလာနိုင်ကြောင်းလည်း ၎င်း အမျိုးသမီး ကဆိုသည်။

လက်ရှိမှာ သီပေါမြို မှ ဒေသခံများကိုယ်ထူကိုယ်ထ လှူဒါန်း ကျွေးမွေးနေကြောင်း၊ စစ်ရေး ဆက်လက်တင်းမာ နေပါက စစ်ရှောင်များအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း လည်း စစ်ရှောင်ကူညီသူများက ပြောသည်။

” လာလှူတာတော့ ရှိတယ်။ ဒါမဲ့ ရေရှည်ဆိုရင်တော့ မရတော့ဘူး။ အခုက ၂ ရက်စာလောက်တော့ ကျန်ရှိနေသေးတယ်။ ဒီနေ့ မနက်ဘဲ သေနတ်သံတွေထက်ကြားနေရသေးတယ်။ ပြည်သူတွေဆက်ပြီးရွာကနေလာနေသေးတယ်” ဟု သီပေါ ပရဟိတ ကူညီနေသူ တဦး ကပြောသည်။

အဆိုပါ သျှမ်းစစ်တပ် ၂ တပ် တိုက်ပွဲဖြစ်ပွားပါက ရွာထဲသို့ လက်နက်ကြီးမကျရောက်စေချင်ကြောင်း၊ ကျေးရွာ ပြည်သူနှင့် ဝေးသည့်နေရာတွင် တိုက်ပွဲဖြစ်ရန် လည်း သီပေါဒေသခံများက တောင်းဆိုလိုက်သည်။

” စစ်ဖြစ်တယ်ဆိုရင်လည်း ဗုံတွေကို လျောက်မပစ်ကြပါ။ ရွာထဲကျလို့ရှိရင် အိမ်တွေထိလာနိုင်တယ်။ ကျွဲ၊ နွားတွေ ရှိနေတယ်။ သူတို့ကိုထိရင်လဲ ကျတော်တို့ အတွက် ဆုံးရှုံးမှုတွရှိတယ်။ ခုတောင်းကျနော်တို့ ရွာထဲမနေဘဲ အပြင်ထွက်လာနေကြပြီ” ဟု စစ်ဘေးရှောင်း ဒေသခံတစ်ဦးက ပြောသည်။

သီပေါမြို့နယ်တွင် RCSS နှင့် SSPP တို့ မတ်လ ၁၈ ရက်နေ့မှ စပြီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲကြောင့် သေဆုံးသူ တဦးရှိခဲ့ပြီး ကျည်ထိမှန်သူ ၄ဦး ခန့်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...