Wednesday, January 28, 2026

မြစ်ကြီးနား အခြေစိုက်သတင်းသမား (၂)ဦးဖမ်းခံရ

ကချင်ပြည် မြစ်ကြီးနားမြို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ (မတ် ၂၉ )ရက် တွင် သတင်းသမား(၂)ဦးကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က သပိတ်ဖြိုခွင်း နေသည့် သတင်းကို မြစ်ကြီးနား အခြေစိုက် The 74 Media သတင်းဌာန မှအမျိုးသမီး တစ်ဦး နှင့် kachin Wave သတင်းဌာနမှ အမျိုးသား တစ်ဦး တို့ သတင်းယူနေစဉ် အကြမ်းဖက် စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် သတင်းသမား ၂ ဦးက မိမိကို မရိုက်နက်ရန် ပြောဆိုသော်လည်း အကြမ်းဖက် စစ်ကောင်စီမှ သတင်းသမားဖြစ်သည့်အတွက် ပိုရိုက်ရမည်ဟု ပြောဆိုပြီး ရိုက်နှက်ခေါ်ဆောင်သွားသည်ကို မြင်တွေ့သည့် ပြည်သူတဦးက ပြန်ပြောပြသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့က စပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် သတင်းသမားများကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ထုတ်ဝေခွင့် ပိတ်သိမ်းခြင်း၊ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခြင်းများ နှင့် သတင်းဌာနများကို တရားစွဲဆိုခြင်းများလည်း ပြုလုပ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ် နေအိမ်ခဏပြန်လာသည့် NLD ကိုယ်စားလှယ်လောင်း တဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်အေး ကို ယမန်နေ့ (မေ ၃)ရက် ည ၁၀နာရီကျော် တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဦးခွန်ကျော်အေးသည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း ရှောင်ပုန်းနေထိုင်ခဲ့ရာမှ ၎င်း၏...

တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယမန် ( ဧပြီ ၂၉ ) ညနေ့ ၃နာရီ အချိန်၌ အကြမ်းဖက် စစ်ကောင်စီ မှ လူငယ် တဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ကံအောက်ရပ်ကွက် ရွှေနှင်းဆီဝက်သားချဉ်ဆိုင်းအနီး အိမ်စီးကားဖြင့် လာရောက်ပြီး လူငယ် (၂)ဦး...

ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊...

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။...

လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်ခါးကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဧပြီ (၄) ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါးကျေးရွာသား (၂) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ...