Wednesday, January 28, 2026

တောင်ကြီး ရပ်ကွက်နေထိုင်သူ (၂)ဦးဖမ်းခံရ

တောင်ကြီးမြို့ ယနေ့(မတ် ၂၆)ရက် တွင် အကြမ်းဖက်စစ်ကောင်စီ မှ ကူညီကုန်းရပ်ကွက်တွင်နေထိုင်သည့် သူ (၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီ အုပ်စုသည် ယနေ့ တောင်ကြီးမြို့ ရှိ ရပ်ကွက်များတွင် တလမ်းဝင် တလမ်းထွက် ဖြင့် ပြည်သူများကို လိုက်လံ ခြိမ်းခြောက်မှုပြုလုပ်နေပြီး၊ သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်မှုများလည်း ရှိကာ ပြည်သူနေအိမ်များလည်း ပျက်စီးနေကြောင်း၊ နေအိမ်အတွင်းသို့ မျက်ရည်ယိုဗုံးများ ပစ်ခြင်းလည်း ပြုလုပ်နေကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

“ ဒီနေ့ဆန္ဒပြသူမဟုတ်ဘဲ ရပ်ကွက်ထဲမှာနေတဲ့သူ ၂ဦးကို ဆွဲသွားတယ်။ နေအိမ်ထဲထိ မျက်ရည်ယိုဗုံးတွေပစ်တယ်။ အသက်ကြီးတဲ့သူတွေ ကလေးတွေ အရမ်းဒုက္ခရောက်တယ်” ဟု ကူညီကုန်းတွင် နေထိုင်သည့် အမျိုးသမီး တဦးက ပြောသည်။

လက်ရှိမှာ မျက်ရည်ယိုဗုံးကို နေအိမ်ထဲထိ ပစ်ခတ်မှုကြောင့် အသက်ကြီးသူများ၊ ကလေးများ နာကျင်ခံစားနေရကြောင်း၊ နေအိမ်တွင်လည်း လုံခြုံမှုမရှိတော့ကြောင်း ၎င်း အမျိုးသမီးက ပြောသည်။

“ နေအိမ်ထဲကို ခဲနဲ့ ပေါက်တယ်။ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ ပြည်သူတွေ အိမ်ထဲနေလည်း မလုံခြုံတော့ဘူး။ အာဏာရှင် စနစ် အမြန်ကျဆုံးဖို့ လိုတယ်” ဟု တောင်ကြီး မြို့မတွင်နေထိုင်သူ တဦးက ပြောသည်။

လက်ရှိ အချိန်ထိ အကြမ်းဖက် စစ်ကောင်စီအုပ်စုသည် ရပ်ကွက်ထဲတွင် လူများဖမ်းဆီးနေခြင်း၊ ပြည်သူများကို သေနတ်ပစ်ဖောက်ပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှု ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့တွင် တောင်ကြီးမြို့ ရပ်ကွက်များတွင် အကြမ်းဖက်စစ်ကောင်စီ သေနတ်ပစ်ခတ်မှုကြောင့် လူငယ် (၅)ဦးထက်မနည်း သေဆုံးမှုရှိပြီး ၊ ဖမ်းဆီးခံရသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ကျော်ခန့်ရှိကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...