တောင်ကြီး ရပ်ကွက်နေထိုင်သူ (၂)ဦးဖမ်းခံရ

တောင်ကြီးမြို့ ယနေ့(မတ် ၂၆)ရက် တွင် အကြမ်းဖက်စစ်ကောင်စီ မှ ကူညီကုန်းရပ်ကွက်တွင်နေထိုင်သည့် သူ (၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အကြမ်းဖက် စစ်ကောင်စီ အုပ်စုသည် ယနေ့ တောင်ကြီးမြို့ ရှိ ရပ်ကွက်များတွင် တလမ်းဝင် တလမ်းထွက် ဖြင့် ပြည်သူများကို လိုက်လံ ခြိမ်းခြောက်မှုပြုလုပ်နေပြီး၊ သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်မှုများလည်း ရှိကာ ပြည်သူနေအိမ်များလည်း ပျက်စီးနေကြောင်း၊ နေအိမ်အတွင်းသို့ မျက်ရည်ယိုဗုံးများ ပစ်ခြင်းလည်း ပြုလုပ်နေကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

“ ဒီနေ့ဆန္ဒပြသူမဟုတ်ဘဲ ရပ်ကွက်ထဲမှာနေတဲ့သူ ၂ဦးကို ဆွဲသွားတယ်။ နေအိမ်ထဲထိ မျက်ရည်ယိုဗုံးတွေပစ်တယ်။ အသက်ကြီးတဲ့သူတွေ ကလေးတွေ အရမ်းဒုက္ခရောက်တယ်” ဟု ကူညီကုန်းတွင် နေထိုင်သည့် အမျိုးသမီး တဦးက ပြောသည်။

လက်ရှိမှာ မျက်ရည်ယိုဗုံးကို နေအိမ်ထဲထိ ပစ်ခတ်မှုကြောင့် အသက်ကြီးသူများ၊ ကလေးများ နာကျင်ခံစားနေရကြောင်း၊ နေအိမ်တွင်လည်း လုံခြုံမှုမရှိတော့ကြောင်း ၎င်း အမျိုးသမီးက ပြောသည်။

“ နေအိမ်ထဲကို ခဲနဲ့ ပေါက်တယ်။ မျက်ရည်ယိုဗုံးနဲ့ပစ်တယ်။ ပြည်သူတွေ အိမ်ထဲနေလည်း မလုံခြုံတော့ဘူး။ အာဏာရှင် စနစ် အမြန်ကျဆုံးဖို့ လိုတယ်” ဟု တောင်ကြီး မြို့မတွင်နေထိုင်သူ တဦးက ပြောသည်။

လက်ရှိ အချိန်ထိ အကြမ်းဖက် စစ်ကောင်စီအုပ်စုသည် ရပ်ကွက်ထဲတွင် လူများဖမ်းဆီးနေခြင်း၊ ပြည်သူများကို သေနတ်ပစ်ဖောက်ပြီး နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှု ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့တွင် တောင်ကြီးမြို့ ရပ်ကွက်များတွင် အကြမ်းဖက်စစ်ကောင်စီ သေနတ်ပစ်ခတ်မှုကြောင့် လူငယ် (၅)ဦးထက်မနည်း သေဆုံးမှုရှိပြီး ၊ ဖမ်းဆီးခံရသည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ကျော်ခန့်ရှိကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...