ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်
သျှမ်းပြည်အခြေစိုက်သတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေပါသည်။ အဆိုပါသတင်းအမှားများကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်တခုမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။ ၎င်းက “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်းစစ်ဆေးတွေ့ရှိ”...
နမ့်စန်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး ယုံကြည်မှုနည်းပါး
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ အသိပညာပေး လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများက အဆိုပါ မဲပေးစက်အပေါ် ယုံကြည်မှု နည်းပါးကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် နမ့်စန်မြို့ပေါ်နှင့် ပိုင်းဆည်ကျေးရွာအုပ်စု ဈေးကုန်းကျေးရွာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုနည်းကို...
မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များ TNLA ရက်အကန့်သတ်မရှိ ပိတ်ခိုင်း
သျှမ်း-မန္တလေးနယ်စပ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်ရှိ KTV များကို ရက်အကန့်သတ်မရှိ ပိတ်ခိုင်းထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့မှ စပြီး မိုးကုတ်မြို့ပေါ်ရှိ KTV ဆိုင်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံသတိပေးပြီးနောက်...
လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ
သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀)...
လားရှိုးမြို့ထဲ စစ်ကော်မရှင်တပ်နှင့် MNDAA ထပ်မံတွေ့ဆုံဆွေးနွေး
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA...
မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင် ပြင်ဆင်၊ ဒေသခံများကို လုပ်အားပေးခိုင်း
SHAN -
သျှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီးသည် နောင်ချိုမြို့သို့ ရောက်ရှိလာပြီး နောင်ချိုဘူတာမှတဆင့်...
TNLA ထိန်းချုပ် မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၅ လုံးပျက်စီး
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၇ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့...
ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။ ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...
ပင်လောင်းမြို့နယ်မှ ဆုံးရှုံးနယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ထိန်းချုပ်နိုင်ဟု PNA ပြော
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးခဲ့သည် ကျေးရွာအချို့ကို ရွေးကောက်ပွဲမတိုင်မီ စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပွဲကျေးရွာနှင့် လုံးပျဉ်ကျေးရွာတို့တွင် စစ်ကော်မရှင်တပ်၊ PNA ပူးပေါင်းတပ်တို့နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်...





