SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း စသည့် ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ကေတီဗွီ (KTV) ဆိုင်များကို ဒီဇင်ဘာလ ၁ ရက်မှစတင် ပိတ်သိမ်းရန် ညွန်ကြားစာထုတ်ပြန်ခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ KTV ဆိုင်များ ပိတ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ဖွင့်လှစ်နေဆဲဟု မိုင်းရှူးမြို့နယ်ဘက်မှ SSPP/SSA နှင့် နီးစပ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ လူငယ်တွေ၊ မိန်းကလေးငယ်တွေကစ မူးယစ်ဆေးဝါးကြောင့် ပျက်စီးတာများလို့ သူတို့ ပိတ်ခိုင်းတာပါ။ SSPP/SSA လက်လမ်းမှီတဲ့ နေရာတွေကတော့ ဒီဇင်ဘာ ၁ ရက် တည်းက တချို့ပိတ်ထားပါ။ စစ်ကောင်စီတွေ ရှိတဲ့ မြို့တွေမှာကျတော့ ဆက်ဖွင့်နေနိုင်ပါတယ်”ဟု ၎င်းအမျိုးသားက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ KTV ဆိုင်အချို့ ပိတ်သိမ်းကြသော်လည်း၊ မိုင်းရှူးမြို့ပေါ်ရှိ KTV ဆိုင်များမှာ ဆက်လက်ဖွင့်နေကြောင်း မိုင်းရှူးမြို့ ဒေသခံ ၎င်းအမျိုးသား ထပ်လောင်းပြောသည်။

“မြို့တွင်းမှာဆိုတော့ ဆိုင်တွေက အပိတ်ပြတာပေါ့။ အရှေ့မှာ ပိတ်ထားတယ်၊ ပြီးရင် အထဲမှာဖွင့်တယ်။ တချို့ဆိုင်တွေကလည်း ပိတ်ထားပါတယ်”ဟု မိုင်းရှူးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ KTV ဆိုင်များကို ပိတ်သိမ်းရန် ညွှန်ကြားမှုနှင့် ပတ်သက်ပြီး ထိရောက်စွာ သေချာကိုင်တွယ်နိုင်လျှင် လူငယ်များအတွက် အမှန်တကယ် အကျိုးရှိနိုင်ကြောင်း SSPP/SSA တပ်ဖွဲ့ နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဒီ KTV ဆိုင်တွေ တကယ် ပိတ်နိုင်ရင်တော့ ကောင်းပါတယ်။ ဆိုင်ဖွင့်ဖို့ စည်းကမ်းတွေလည်း ရှိတာပဲ။ အသက်မပြည့်ရင် အလုပ်မလုပ်ရဘူး၊ မဝင်ရဘူး ဆိုတာ ရှိပါတယ်။ ဒါပေမယ့်လည်း မစစ်ကြဘူးလေ။ အသက် ၁၇ နှစ် လူငယ်တွေကအစ မူးယစ်ဆေးဝါးတွေကြောင့် ပျက်စီးနေကြတာလေ”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ KTV ဆိုင်များ ပိတ်သိမ်းရန် ညွှန်ကြားချက်ကို လိုက်နာမှုမရှိလျှင် ဆိုင်များကို အရေးယူ ချိပ်ပိတ်သွားမည်ဖြစ်ကြောင်း SSPP ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်ပြီး သျှမ်းပြည်အတွင်းရှိ KTV ဆိုင်များနှင့် ဘား/ကလပ်တို့တွင် Happy Water ၊ ကက်တမင်း(Ketamine) – K ၊ အက်တက်စီ (Ecstasy) – E စသည့် မူးယစ်ဆေးများကို ဆိုင်အတွင်း အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သည်အထိ အခြေအနေ ဆိုးရွားနေသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...