မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...
မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ထပ်မံထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်သည့် စစ်ကောင်စီတပ်က မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကိုပါ ထပ်မံထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ယခုရက်ပိုင်း၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ကို ယခုဇူလိုင် လဆန်းတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်နိုင်ရန်နယ်မြေရှင်းလင်းရေး လုပ်နေခြင်း ဖြစ်ကြောင်း...
ကျောက်မဲမြို့ပေါ် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကျောက်မဲ-နောင်ချိုကြား ဂုတ်တွင်းလမ်းပိတ်ထား
သျှမ်းပြည် ကျောက်မဲမြို့ပေါ် (၃) နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက်အစောပိုင်း ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...
“ အနာဂတ်အတွက် အသက်သွေးကြော ပျက်သွားပြီ “
“ဒီလိုရေနှောက်တာ၊ ရေကြီးတာ တခါမှ မကြုံဖူးဘူး။ နမ့်ခုတ်ရေက သုံးလို့မရတော့ဘူး။ ငါးတွေကိုလည်း ကျမတို့ မစားရဲတော့ဘူး” လို့ အသက် ၇၀ အရွယ်ရှိ နန်းမွန်းက ထိုင်းဘာသာစကားနဲ့ ပြောပါတယ်။ နန်းမွန်ဟာ အသက် ၇၀ ကျော်အရွယ်ရှိပြီး ချင်းရိုင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နမ့်ခုတ်မြစ်ရဲ့ ရေအရောင်ပြောင်းလဲမှုတွေ၊...
နောင်ချိုမြို့အနီး ဒုံးတပ်ရင်းကို စစ်ကောင်စီ ပြန်သိမ်း၊ မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ယမန်နေ့ (ဇူလိုင် ၈ ရက်) ညနေပိုင်းက စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်သွားပြီး မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၉ ရက်) တွင်...
သျှမ်းပြည် လားရှိုးမြို့တွင် တရုတ်ကိုယ်စားလှယ်များ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်ကိုယ်စားလှယ် ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး ကိုးကန့်တပ်ဖွဲ့များ...
“TNLA ထိန်းချုပ်နယ်မြေမှာ အုပ်ချုပ်လို့မရအောင် စစ်ကောင်စီက ဗုံးကြဲနေတာ”
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်သည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲမှု ရှိသကဲ့သို့ မြေပြင်ထိုးစစ်ဆင်မှုလည်း ပြင်းထန်နေသည်။ အလားတူ TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့အတွင်းကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ဆက်တိုက် ပြုလုပ် နေသည်။ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းဗုံးကြဲမှု၊...
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...
ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံး
သျှမ်း-ကရင်နီ(ကယား)နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇)ရက် ည ၁၁ နာရီတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲချလိုက်သဖြင့်...
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီးနှင့် နယ်စပ်ဒေသ...





