Wednesday, January 28, 2026

မြန်မာပြည်သူ့များ၏ လက်တွေ့ဘဝကို ထင်ဟပ်စေသည့် မှတ်တမ်းရုပ်ရှင်များပြသမည်

မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ၏ လက်တွေ့ဘဝ အခြေအနေကို ထင်ဟပ်စေသည့် မှတ်တမ်းရုပ်ရှင် “Giving Voice to the Voiceless”ဆိုသည့်ခေါင်းစဉ်ဖြင့် ယခု ဒီဇင်ဘာလ ၈ ရက်မှ စတင်ပြီး ဒီဇင်ဘာလ ၁၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရှိ Communication Innovation Center – CIC တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

DVB Peacock Film Festival 2025 ကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ဦးစီးကျင်းပသွားမည်။

“ဒီပွဲတော်ဟာ အရုပ်တွေ အသံတွေကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မဟုတ်ပါဘူး။ ကျမတို့ ပြည်သူတွေရဲ့ မှတ်တမ်းတွေ၊ ဂုဏ်သိက္ခာတွေ၊ မျှော်လင့်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့မှာ ရှိတဲ့ဘတ်ဂျက်နဲ့ ဒီပွဲဖြစ်မြောက်ရေးအတွက် အကန့်အသတ်တွေ ရှိနေပေမယ့် မြန်မာပြည်က အသံတွေကို ကမ္ဘာတဝှမ်းက ကြားနိုင်တဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်”ဟု DVB Peacock Film Festival မှ တာဝန်ရှိသူ မချမ်းသီရိစိုးက ပြောသည်။

ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ဇာတ်ကားများသည် မြန်မာနိုင်ငံအတွင်းရှိ ဖြစ်ရပ်မှန်များကို အသက်အန္တရာယ်ကြားမှ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည့် ရဲရင့်သော လူငယ်ရုပ်ရှင်ဖန်တီးသူများကို လာရောက်အားပေး ဂုဏ်ပြုကြရန် ဖိတ်ခေါ်လိုက်ကြောင်း မချမ်းသီရိစိုးက ထပ်လောင်းပြောသည်။

ရုပ်ရှင်ပွဲတော် (၃)ရက်အတွင်း DVB မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲ ၂၀၂၅ (DSDC 2025)၊ ပြည်သူပြည်သားသတင်းသမားများ ရိုက်ကူးထုတ်လုပ်သည့် CJ Shots 2025 ၊ ရုပ်သံဆောင်းပါး (News Feature) ပြိုင်ပွဲ စသည်ဖြင့် ဇာတ်လမ်းပေါင်း ၃၀ ကျော် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရုပ်ရှင်ပွဲတော်ရက်များတွင်လည်း ရုပ်ရှင်ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ အပြင် လူ့အခွင့်အရေးနှင့် မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ထူးချွန်သော မှတ်တမ်းရုပ်ရှင်များကို ဂုဏ်ပြုသည့် ဆုပေးပွဲအခမ်းအနားနှင့် မြန်မာ့အစားအစာ၊ အမှတ်တရလက်ဆောင်များနှင့် စာအုပ်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

DVB ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် အချိန်အပြောင်းအလဲရှိ

0
ဒီဗီဘီ ရုပ်မြင်သံကြားအစီအစဉ် အပြောင်းအလဲကြောင့် တိုင်းရင်းသားဘာသာရုပ်သံသတင်းနှင့် ဆောင်းပါးအစီအစဉ်(ELTV)လည်း အချိန်ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ဖေဖော်ဝါရီလမှစပြီး ဒီဗီဘီရုပ်မြင်သံကြားတွင် အပတ်စဉ် အလှည့်ကျ တင်ဆက်နေသော တိုင်းရင်းသားဘာသာ ၈ မျိုး ( ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊...