DVB ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် အချိန်အပြောင်းအလဲရှိ

ဒီဗီဘီ ရုပ်မြင်သံကြားအစီအစဉ် အပြောင်းအလဲကြောင့် တိုင်းရင်းသားဘာသာရုပ်သံသတင်းနှင့် ဆောင်းပါးအစီအစဉ်(ELTV)လည်း အချိန်ပြောင်းလဲထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo SHAN/ သျှမ်းသံတော်ဆင့်မှစီစဉ်ပြီး ဒီဗီဘီရုပ်သံတွင်ထုတ်လွှင့်သည့် တိုင်းရင်းသားရုပ်သံအစီအစဉ်မှ သျှမ်းဘာသာအစီအစဉ်

၂၀၁၉ ဖေဖော်ဝါရီလမှစပြီး ဒီဗီဘီရုပ်မြင်သံကြားတွင် အပတ်စဉ် အလှည့်ကျ တင်ဆက်နေသော တိုင်းရင်းသားဘာသာ ၈ မျိုး ( ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊ သျှမ်း) တို့၏ အစီအစဉ်များအားလည်း ထုတ်လွှင့်နေသော မူရင်းအချိန်မှ ရွှေ့ဆိုင်းထုတ်လွှင့်ရမည်ဖြစ်သည်ဟု တိုင်းရင်းသားဘာသာရုပ်မြင်သံကြားအစီအစဉ် ELTV ၏ Assistant Producer နန်းမွေခေါဝ် က ပြောသည်။

 

“အစီအစဉ်ပြောင်းလဲထုတ်လွှင့်မယ်ဆိုတဲ့အကြောင်း ဒီဗီဘီက မနေ့ကမှ အကြောင်းကြားလာပါတယ်။ တီဝီအစီအစဉ်အချိန်တွေပြောင်းလို့ တိုင်းရင်းသားအစီအစဉ်လည်း လိုက်ပြီးပြောင်းလဲပါတယ်”- ဟု ပြောသည်။

 

ယခင်က ဒီဗီဘီ တိုင်းရင်းသားဘာသာအစီအစဉ်မှ သျှမ်းဘာသာရုပ်သံအစီအစဉ်အား အင်္ဂါနေ့မနက် ၇ နာရီ ၁၅ မိနစ်တွင်တကြိမ်၊ ည ၉ နာရီ ၄၅ မိနစ်တွင်တကြိမ် ထုတ်လွှင့်ခဲ့သည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှစပြီး  သျှမ်းဘာသာရုပ်သံအစီအစဉ်အား အင်္ဂါနေ့ညပိုင်း ၉ နာရီ ၁၅ မိနစ်တွင်တကြိမ် ၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း ၇ နာရီ ၁၅ မိနစ်တွင်တကြိမ် ဒီဗီဘီ ရုပ်သံလိုင်းမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းရင်းသားဘာသာ ရုပ်သံအစီအစဉ် ELTV အား နိုင်ငံတကာ မြန်မာ့သတင်း Burma News International (BNI) မှ စီစဉ်ပေးမှုဖြင့် DVB  Democratic Voice of Burma ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်သံလိုင်းတွင်  ၂၀၁၅ ခုနှစ်က စတင်ထုတ်လွှင့်ခဲ့သည်။ တိုင်းရင်းသားဘာသာတခုလျှင် သတင်းနှင့်ဆောင်းပါးအစီအစဉ် ၁၃ မိနစ်ခန့် တရက်စီ အချိန်ပေး ထုတ်လွှင့်ပေးခဲ့သည်။ သျှမ်းဘာသာ သတင်းနှင့်ဆောင်းပါးရုပ်သံအား  သျှမ်းသံတော်ဆင့်သတင်းဌာနမှ တာဝန်ယူထုတ်လုပ်ခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာပြည်သူ့များ၏ လက်တွေ့ဘဝကို ထင်ဟပ်စေသည့် မှတ်တမ်းရုပ်ရှင်များပြသမည်

0
မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ၏ လက်တွေ့ဘဝ အခြေအနေကို ထင်ဟပ်စေသည့် မှတ်တမ်းရုပ်ရှင် “Giving Voice to the Voiceless”ဆိုသည့်ခေါင်းစဉ်ဖြင့် ယခု ဒီဇင်ဘာလ ၈ ရက်မှ စတင်ပြီး ဒီဇင်ဘာလ ၁၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရှိ Communication Innovation Center...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ပို့ချသည့် ရုပ်သံဖိုင်

0
စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည့် ရုပ်သံဖိုင်ကို ယခုရက်ပိုင်း အတွင်း စစ်တပ် ထောက်ခံသူများက လူမှုကွန်ရက်များတွင် ပြန်လည်မျှဝေ၍ လှောင်ပြောင်နေသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံဖိုင်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အရာရှိကြီးများအား စီးပွားရေး သင်ခန်းစာ ဟောပြော ပို့ချနေသည်ကို တွေ့ရပြီး...

ဖေဖေါ်ဝါရီလ ၇ ရက်နေ့ သျှမ်းပြည်အမျိုးသားနေ့မှ ညီညွှတ်လွတ်မြောက်ရေးနေ့သို့

0
ဖေဖေါ်ဝါရီလ ၇ ရက် ဒီကနေ့ဟာ သျှမ်းပြည်အမျိုးသားနေ့၊ မြန်မာ့တပ်မတော် အာဏာသိမ်းခဲ့တာ ၇ ရက်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် က ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဟာ သျှမ်းလူထု ကိုယ်စားလှယ် ၇ ဉီး သျှမ်းစော်ဘွား ၇ ဉီး တို့ စုပေါင်းညီညွှတ်ခဲ့လို့...

၂၀၂၀ တပ်မတော်နေ့အလွန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်ဆွေးနွေးပြင်ဆင်

0
တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖြည်လျှော့ကာ စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပနိုင်ရန် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် အစိုးရကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့တွေ့ဆုံဆွေးနွေးကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့...

အပစ်ရပ်လက်မှတ်ထိုး နှင့် မထိုးရသေးသည့်အဖွဲ့များ နို၀င်ဘာလတွင်တွေ့ဆုံမည်

0
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ နှင့် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ လာမည့်နို၀င်ဘာလ ဒုတိယအပတ်အတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ၄င်းနှင့်ပတ်သက်ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ EAO ၏ပြောရေးဆိုခွင့်ရှိသူ ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းက - “နို၀င်ဘာ...