Tuesday, October 8, 2024

အပစ်ရပ်လက်မှတ်ထိုး နှင့် မထိုးရသေးသည့်အဖွဲ့များ နို၀င်ဘာလတွင်တွေ့ဆုံမည်

Must read

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ နှင့် NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ လာမည့်နို၀င်ဘာလ ဒုတိယအပတ်အတွင်းတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Photo by MNG

၄င်းနှင့်ပတ်သက်ပြီး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ EAO ၏ပြောရေးဆိုခွင့်ရှိသူ ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်းက – “နို၀င်ဘာ ဒုတိယပတ်ထဲမှာတော့လုပ်ချင်တယ်။ ဒါပေမယ့် ကျနော်တို့ပြင်ဆင် ရဦးမယ်လေ။ ပြင်ဆင်မှု အပိုင်းက များတယ်ဆိုတော့ အချိန်ယူရမယ်လေ။ ဆိုတော့ ကျနော့်အမြင်ကတော့ လွယ်ပါ့မလားမသိဘူး နောက်လဒုတိယအပတ်က။ တကယ်လို့ အမြန်ဆုံးပြင်ဆင်နိုင်မယ်ဆိုရင်တော့ ကျနော်တို့မှန်းထားတဲ့ အတိုင်းနို၀င်ဘာလ ဒုတိယပတ် လုပ်ဖြစ် ပါလိမ့်မယ်။ ဘယ်နေရာလုပ်မလဲဆိုတာလည်းမသေချာသေးဘူး။ မကြေငြာသေးဘူးခင်ဗျ။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့် ၁၅ ရက်နှင့် ၁၆ ရက်နေ့က နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင်ကျင်းပသော အပစ်ရပ်လက်မှတ် ရေးထိုးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ၊တပ်မတော် အကြီးအကဲများ၏ ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲတွင် ခေါင်းစဉ်ကြီး ရ ခုကိုဆွေးနွေးခဲ့ရာ ပြည်ထောင်စု မှခွဲမထွက်ရေးဟူသည့်အချက်နှင့်ပတ်သက်ပြီး မဆွေးနွေးနိုင်ခဲ့သေးဘဲ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးနှင့် ပြန်လည်ဆွေးနွေးဦးမည်ဖြစ်ကြောင်း သာ သဘောတူခဲ့ကြသည်။

လာမည့်နို၀င်ဘာလအတွင်း ထိုသို့ပြန်လည်ဆွေးနွေးရာတွင် တိုင်းရင်းသားများဘက်မှ ဖြေရှင်းဖို့အချက် ၃ ချက်နှင့် အစိုးရ တပ်မတော်ဘက်မှ အချက် ၃ ချက် အသီးသီး ပြန်လည်ဆွေးနွေးအဖြေ ရှာကြ မည်ဟု သဘောတူညီမှုရရှိခဲ့ကြသည်။

လက်ရှိတွင် ဆွေးနွေးကြမည့် NCA လက်မှတ်ထိုး EAO တိုင်းရင်းသား ၁၀ ဖွဲ့ မှာ သျှမ်း RCSS/SSA ၊ ပအို၀်း PNLO ၊ ချင်း CNF ၊ ကျောင်းသားတပ်မတော် ABSDF ၊ ကရင် KNU ၊ DKBA နှင့် KNLA-PC ၊ ရခိုင် ALP ၊ လားဟူ LDU ၊ မွန် MNSP တို့ဖြစ်ကြပြီး လက်မှတ်မထိုးရသေးသည့် FPNCC အဖွဲ့ဝင်များမှာမူ ၀ UWSA ၊ ကချင် KIO ၊ သျှမ်း SSPP/SSA ၊ကိုးကန့် MNDAA ၊ မိုင်းလား NDAA ၊ တအာင်း TNLA ၊ ရခိုင် AA တို့ဖြစ်ကြပါသည်။

Leave a Comments

- Advertisement -spot_img

Latest article