ဖေဖေါ်ဝါရီလ ၇ ရက်နေ့ သျှမ်းပြည်အမျိုးသားနေ့မှ ညီညွှတ်လွတ်မြောက်ရေးနေ့သို့

ဖေဖေါ်ဝါရီလ ၇ ရက် ဒီကနေ့ဟာ သျှမ်းပြည်အမျိုးသားနေ့၊ မြန်မာ့တပ်မတော် အာဏာသိမ်းခဲ့တာ ၇ ရက်မြောက်တဲ့နေ့ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် က ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဟာ သျှမ်းလူထု ကိုယ်စားလှယ် ၇ ဉီး သျှမ်းစော်ဘွား ၇ ဉီး တို့ စုပေါင်းညီညွှတ်ခဲ့လို့ ကချင်၊ ချင်း စတဲ့ တောင်တန်းသားတွေ စုစည်းညီညွှတ်မှုရခဲ့တယ်။ အဲ့ဒီ့ ညီညွှတ်မှုကနေ ပြည်ထောင်စု တည်ဆောက်လာနိုင်ခဲ့တယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ ဒို့ ပြည်ထောင်စု ကြီးရဲ့ ပထမ ဆုံးရေးချ နိုင်တဲ့ သမိုင်းစာမျက်နှာပါ။

1962 ဗိုလ်နေဝင်း စစ်တပ် အာဏာသိမ်းစဉ်က သျှမ်းစော်ဘွားတွေကို ဖမ်းဆီးထောင်ချ အစအန ဖျောက်ခဲ့တာ သီပေါ စော်ဘွား စဝ်ကြာဆိုင် ကို ဘယ်မှာဖမ်းချုပ်ထားလဲ ဘယ်မှာ နတ်ရွာစံသွားလဲ ဆိုတာ ကနေ့အထိ ဘယ်သူမှ မသိပါဘူး။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင် တော်လှန်တယ်၊ ပြည်သူလူထုအုံကြွမှု အကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ စုစည်းမှု မပြုနိုင်တော့ ၂၆ နှစ် အကြာမှာ ထပ်ပြီး အာဏာသိမ်းပြန်တယ်။ ၂၀၁၀ ပြည့်နှစ်အထိပေါ့။

အဲဒီ့ကနေ တဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည် တည်ဆောက်မယ် ဆိုပြီး  ၂၀၁၅ က လူထု အစိုးရ အစစ်အမှန် ကို ရွေးကောက်တင် မြောက် နိုင်ခဲ့တယ်။ တပ်က လွှတ်တော် အတွင်း ၂၅% ရှိနေတော့ ဖွဲ့စည်းပုံပြုပြင်ရေးထင်သလောက် လူထု အစိုးရ ခရီးမပေါက်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲ ကနေ တဆင့် ဒီ ၂၀၂၁ – ၂၀၂၅ ခုနှစ်အထိ လူထု အစိုးရ က တိုင်းပြည်ကို ပီပီပြင်ပြင် ပုံဖေါ်နိုင်လာလိမ့်မယ်လို့ အများစုက မျှော်လင့်ထားပါတယ်။ ဒို့ပေမယ့် မထင်မှတ် ပဲ တပ်က အာဏာသိမ်းပြန်တော့ – ၁၉၈၈ ကလို လူထု အုံကြွမှု ပြန်ဖြစ်လာနိုင်မလား။

အဲလိုပြန်ဖြစ်လာရင် လူထု အရေးတော်ပုံ အောင်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။

၁၉၈၈ အရေးတော်ပုံ ဘာ့ကြောင့်မအောင်မြင်လဲ ဆိုတာကို ပြန်လေ့လာကြည့်ရင် –

(၁) အချက် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမပါဝင်ခဲ့ဘူး။ တိုင်းပြည်အကြပ် အတည်း လူထု အကြပ်အတည်း တပ်မတော်အခက်အခဲ ဖြစ်နေချိန် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အများစု က အပစ်ရပ် လိုက်တော့ တပ်မတော် အတွက် ထွက်ပေါက်ရသွားစေခဲ့ပါတယ်။

(၂) အချက် တန်းတူ အခွင့်အရေး လူ့ယဉ်ကျေးမှု ကမ္ဘာ့အသိုင်းအဝိုင်းကလဲ ဒုက္ခသည် ဒုတိယ နိုင်ငံ တတိယ နိုင်ငံ ပြင်ဆင်လက်ခံရုံကလွှဲလို့  စစ်ဖိနပ်အောက်ရောက်နေတဲ့ မြန်မာလူထုကို မကယ်ထုတ် နိုင် ခဲ့ ပါဘူး။ ခေါင်းဆောင်တွေထောင်ကျ ၊ အကျယ်ချုပ် ကျနေစဉ် ပြည်တွင်းနေလူထုကတော့ ကိုယ့်ဒူးကိုယ်ချွန်ရတဲ့ဘဝပါဘဲ။

ယနေ့ဖြစ်ပေါ်လာနေတဲ့လူထု လှုပ်ရှားမှု လည်း ‘ပြိုင်တူတွန်းမှ ရွေ့နိုင်မည်” ဆိုတဲ့ စကားပုံအတိုင်း မိမိအခွင့်အ ရေး အတွက် လက်နက်ကိုင်စွဲတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ မပါလာရင်တော့ –  ကမ္ဘာ့အသိုင်းအဝိုင်းအဆက်အသွယ်ပြတ်၊ အင်တာနက်ပြတ်၊ ဖုန်းလိုင်းပြတ်နေတဲ့  လက်နက်မဲ့ တိုင်းသူပြည်သားအဖို့ မီဒီယာအဆက်အသွယ်ပြတ်တဲ့ အမှောင်ထုထဲမှာ အကြမ်းဖက်  ချေမှုန်းခံရမှာကို စိုးရိမ် နေမိပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက တပ်စီးပွားရေး ဖြတ်တောက်ရုံနဲ့ ထိရောက်မှာမဟုတ်ပါဘူး။ စစ်တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ပြင်ဆင်နေတာနဲ့ လက်နက်မဲ့လူထု ဘေးသင့်ကုန်နိုင်ပါတယ်။ အပြောနဲ့ အလုပ် လက်တွေ့ကျကျ ထိထိရောက်ရောက် ပါဝင်ကူညီမှ သာလျှင် စစ်အာဏာရှင် ဖြုတ်ချရေးပန်းတိုင်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

လူထုအသံ သျှမ်းသံတော်ဆင့်အသံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်” အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် လားရှိုးမြို့ “တွမ်ကျားကုန်စုံဆိုင်”ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) ညနေ ၄ နာရီခွဲကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ “တွမ်ကျားကုန်စုံဆိုင်” အတွင်း ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို...

လက်နက်ကိုင်ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၄)ဦး ရုပ်အလောင်း ပြန်တွေ့

0
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)ဉီး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ (၉)ရက် ညပိုင်းတွင် ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ရုပ်အလောင်း (၄)လောင်းကို ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ မြောက်ဘက် တောစပ်တစ်နေရာတွင် ဖေဖော်ဝါရီ (၉)ရက်တွင် ပြန်တွေ့ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရွာမြောက်ဘက်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...