တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့မှတ်ယူလို့မရကြောင်း -တပ်သတင်းမှန်ဖြေ
တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ယနေ့ (ဇန်နဝါရီ ၂၆)ရက်တွင် ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဖြေကြားခဲ့သည်။ "တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား ခင်ဗျ" ဟု အဆာဟိရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် နော်ကို က သတင်းစာရှင်းလင်းပွဲတွင်...
RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲကြား တပ်မတော်ဘက်မှကျဆုံးသူ၊ ဒဏ်ရာရသူရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ (၂၅) ရက်နေ့က မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မိုင်းပန်မြို့နယ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း...
ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော
SHAN -
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...
မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSAနှင့် အစိုးရတပ်မတော်တို့သည် ယနေ့( ၈နာရီ )ကျော်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ မနက် (၈)နာရီ ၂၀မိနစ်တွင် မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီး၌ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ရှိသည့်နေရာကို မိုင်းပန်မြိ့နယ်အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း (ခမရ...
သီပေါမြို့ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ဆွေမျိုးများထံတောင်းပန်ပြီးကြောင်း SSPP ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် ၏ ရုပ်အလောင်းကို SSPP/SSA နှင့်ရွာသားများ စုပေါင်းရှာဖွေခဲ့ကြပြီးနောက် ယမန်နေ့က မီးသဂြိုလ်ခဲ့ ကြသည်။ အသတ်ခံရသည့် လုံးဆိုင်ဟန်၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အရိုးကိုလည်း သီပေါမြို့ ကုန်းဆာကျေးရွာသို့ ပြန်သယ်လာခဲ့ကြောင်း...
တပ်မတော်ထောက်ခံသူ နှင့် NLDထောက်ခံသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ ၊ နောင်အင်ဘောလုံးကွင်းတွင် ယနေ့ ပြုလုပ်သော တပ်မတော် ထောက်ခံသူ နှင့် NLD ထောက်ခံသူကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက် ယနေ့မနက်ကပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲမှ တပ်မတော်ထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ် အမျိုးသား...
RCSS နှင့်TNLA စစ်ရေးတင်းမာနေသေး ကျောက်မဲစစ်ရှောင်များနေရပ်မပြန်ရဲ
SHAN -
RCSS/SSA နှင့် TNLA တို့သည့် ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေး တင်းမာနေသေးသဖြင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များနေရပ်မပြန်ရဲသေးကြောင်း သတင်းရရှိသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ ၂၀၂၀ခုနစ် ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊...
တိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေး
SHAN -
RCSS/SSAနှင့် TNLA တို့ကြား တွေ့ဆုံရန် အပြန်အလှန် အဆင်သင့် ဖြစ်နေကြသော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံရန် နှစ်ဖက် စာပို့ အကြောင်းကြားထားခြင်းမရှိကြသေးကြောင်း သတင်းရရှိသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) တို့ သည် ၂၀၂၀ခုနစ် ဒီဇင်ဘာ လအတွင်း သျှမ်းမြောက်...
တောင်ကြီးမြို့ တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲ ရက်ရွှေ့ဆိုင်း
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင်ပြုလုပ်မည့် တပ်မတော်ထောက်ခံ ဆန္ဒပြပွဲကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လာမည် ဇန်နဝါရီ ၂၀ရက်တွင် ပြုလုပ်မည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်...
RCSS/SSA နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးရန် အပြန်အလှန် အဆင်သင့်ဖြစ်နေ
SHAN -
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA) တို့တွေ့ဆုံဆွေးနွေးရန် အပြန်အလှန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။ ဇန်နဝါရီ (၁၈) ရက်တွင် (P.S.L.F/T.N.L.A ) ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး၏ သဘောထား ထုတ်ပြချက်အရ မြန်မာ့တပ်မတော်နှင့် RCSS/SSA...





