Sunday, February 1, 2026

CATEGORY

နိုင်ငံရေး

လားရှိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ခန့်အပ်မှု အလိုမရှိ ဆန္ဒထုတ်ဖော်သူ ၃ဦး ပြန်မလွှတ်သေး

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် (၁၁) တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူ (၃)ဦး ဖမ်းဆီးခံရပြီး ယနေ့ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁၁)တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို...

မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင်

မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက်မူဆယ်မြို့ တွင် ယနေ့ (မတ် ၁၁)ရက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုဝေးနေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က ပြည်သူ (၁၃)ဦးကို ဖမ်းဆီးခေါ်ေဆောင်သွားကြောင်း သတင်းရရှိသည်။ ယနေ့ မနက် (၁၀)နာရီတွင် မူဆယ်မြို့ နာရီစင်ရှေ့တွင် စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အနေဖြင့်...

တောင်ကြီး လူငယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှု ပိုဆိုးရွားလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ ကို ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း အင်အားသုံးအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုများ ပိုဆိုးရွားလာကြောင်း သတင်းရရှိသည်။ မတ်လ(၉) ရက်နေ့ တွင် တောင်ကြီးမြို့ ၊အနောက်မြို့ပတ်လမ်း၊ ရွှေသူဌေးကုန်းရပ် ရဲဘော်ဈေး အနီး တွင် ငြိမ်းချမ်းစွာ...

ကျောက်မဲမြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ယနေ့ (မတ်လ ၁၀) တွင် စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ် စစ်ကြောင်း ကို အရပ်ဝတ် ရဲ၊စစ်တပ်မှ အသံဗုံးဖြင့် ဖြိုခွင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်ပိုင်းတွင် ကျောက်မဲမြို့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ကို အရပ်ဝတ်စစ်သား၊ရဲများက လာရောက်ဖြိုခွင်းခဲ့ပြီး...

RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်

RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA)...

သီပေါမြို့ လူထုသပိတ် သေနတ်ပစ်ဖောက် စတင်ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ယနေ့ (မတ်လ ၁၀ ရက်) စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို ရဲ၊စစ်တပ်မှ သေနတ်ပစ်ဖောက်ကာ ဖြိုခွင်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာခဲ့သည်မှာ တလနီးပါးကြာလာခဲ့ပြီး၊ တကြိမ်တခါမျှ လူထုသပိတ်ဖြိုခွင်းမခံရဘဲ ယနေ့မှ စတင်ဖြိုခွင်းခံရကြောင်း သီပေါမြို့မှဆန္ဒထုတ်ဖော်သူများက ပြောဆိုလိုက်သည်။ “ ဒီနေ့ကတော့ သူတို့လာဖြိုခွင်းမယ်။ လုံးဝ ဆန္ဒသွားပြလို့မရအောင်လုပ်နေတာပါ၊။...

တောင်ကြီးတွင် ဆန္ဒပြ အမျိုးသမီးတဦး ရာဘာကျည်ထိ လူငယ်တချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့(မတ် ၉ )ရက်၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်တပ်နှင့် ရဲများက အကြမ်းဖက်ဖြိုခွင်းရာ အမျိုးသမီးတဦး ရာဘာကျည် ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။ ရဲနှင့် စစ်တပ်သည် တောင်ကြီးမြို့ ကူညီကုန်းရပ်ကွက်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူထုသပိတ်ကို မျက်ရည်ယိုဗုံး၊ အသံဗုံး နှင့်...

မူဆယ်မြို့လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို လိုက်လံစစ်ဆေးနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ် ၉ )ရက်တွင် မူဆယ်မြို့ ဒေသခံများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက နေ့ရာတိုင်းနီးပါး လမ်းသွားလမ်းလာ ပြည်သူများကိုင်ဆောင်သည့် ဖုန်းများ ကို စစ်ဆေးမှု...

နမ့်စန် ဆန္ဒထုတ်ဖော်သူ ဖမ်းဆီးရန် စောင့်ဆိုင်းသည့်ရဲတဦး သေနတ်ကျည်ထွက်မိမိကိုယ်ကိုထိမှန်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ တွင် ယနေ့(မတ် ၉ )ရက် မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်မည့် ပြည်သူကို ဖမ်းဆီးရန် စောင့်ဆိုင်နေသည့် ရဲတဦး သေနတ်ကျည်ထွက်ပြီး မိမိကိုယ်ကို ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မနက် ၉ နာရီဝန်းကျင် တွင် နမ့်စန်မြို့ မြို့တော်ခန်းမရှေ့ စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပြည်သူများစုရပ်နေရာတွင်...

ဘာသာရေး အဆောက်အဦး ပြန်ဖွင့်ခွင့်ပေးသော်လည်း အလှူငွေကိစ္စ စိုးရိမ်နေရ ဟုဆို

ဘာသာရေး အဆောက်အဦး များကို ပြန်ဖွင့်ခွင့်ပေးသော်လည်း တောင်ကြီးခရိုင်အတွင်းရှိ စေတီပုထိုးများရှိ အလှူငွေကိစ္စ နှင့် ပတ်သက်ပြီး စိုးရိမ်နေရကြောင်း ဂေါပကများကပြောဆိုလိုက်သည်။ ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် လူသွားလာမှုများသည့်နေရာများကို ပိတ်ဆိုင်းခဲ့ရပြီး၊ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်အစိုးရ က စေတီဘုရားကျောင်းများအပါဝဝင် ဘာသာရေး ကျောင်းအဆောက်အဦးများ၊...

Latest news