သျှမ်းတပ်(၂)တပ် အပစ်ရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေဆဲ ဟု SNLD ပြော

သျှမ်းတပ် (၂) တပ် ဖြစ်ပွားနေသော တိုက်ပွဲ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တပ်မှူးများနှင့် ချိတ်ဆက်ပြီး အပစ်ခတ်ရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေဆဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်( SNLD) က ပြောဆိုလိုက်သည်။

သျှမ်းတပ် (၂)တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင်း စစ်ရေးတင်းမာနေသေးကာ တိုက်ပွဲကြောင့် စစ်ရှောင်ထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ကြောင့် သျှမ်းတပ်(၂)တပ် စစ်ရှိန်လျော့ပြီး တွေ့ဆုံဆွေးနွေးရန်အတွက် (၂)ဖက် သက်ဆိုင်ရာ တပ်မှူးများနှင့် ချိတ်ဆက်ပြီး အပစ်ခတ်ရပ်စဲရေး ဖြစ်အောင် ကြိုးပမ်းနေဆဲ ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလည်းပဲ နှစ်ဖက် သက်ဆိုင်ရာ တပ်မှူးတွေနဲ့ ချိတ်ဆက်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေး ဖြစ်အောင်ဆိုပြီးတော့မှ ကြိုးပမ်းနေဆဲဖြစ်တယ်။ ၂ဖက်စလုံးက စစ်ရှိန်ကို လျော့ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်ချိန် ဘယ်နေရာမှာ တွေ့ဆုံမလဲ ဘယ်လို ပုံစံမျိုးနဲ့ ထပ်ပြီးတော့ ဆွေးနွေးမလဲဆိုတာတော့ အခုထက်ထိ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်” ဟု စိုင်းလိတ် က ဆိုသည်။

ဆက်လက်ပြီး နှစ်ဖက်တပ် တာဝန်ရှိသူများ၊ရဲဘော်များ၊ (၂) ဖက်တပ်ကို ထောက်ခံအားပေးသည့် လူထုအနေဖြင့် မိမိ၏ စိတ်ခံစားချက်ပေါ် မူတည်ပြီး သတင်းမှား လွှင့်ခြင်း၊ မဟုတ်မမှန်သော သတင်းများကို ရှယ်ခြင်း (share) ခြင်းသည် စစ်ရှိန်ကို ပိုမိုမြင့်မားစေခဲ့သည့်အတွက် ဝိုင်းဝန်းရှောင်ကျဉ်ရန် တိုက်တွန်းလိုကြောင်း စိုင်းလိတ် ကပြောသည်။

“နှစ်ဖက်တပ်ကို ထောက်ခံအားပေးတဲ့ လူထုအနေနဲ့ ကိုယ့်ရဲ့ စိတ်ဆန္ဒအခံ ကိုယ့်ရဲ့ ခံစားချက်ပေါ် မူတည်ပြီးတော့ သတင်းမှားတွေ လွှင့်တာ၊ မဟုတ်မမှန်သတင်းတွေ ရှယ်တာ၊ အမုန်းစကားတွေ ပြောနေတာမျိုးတို့ ရပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီကိစ္စတွေကလည်း အကျိုးမရှိတဲ့အပြင်ကို စစ်ရှိန်ကို ပိုမိုပြီးတော့မှ မြင့်မာစေခဲ့တဲ့အတွက် ဝိုင်းဝန်းရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ကပြောသည်။


ဇူလိုင် (၂၆) ရက်နေ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ပြည်သူလူထု၏ အကျိုးတို့ကို ရှေးရှုပြီး သက်ဆိုင်သူများသို့ အချက် (၄) ချက်ဖြင့် တိုက်တွန်းနိုးဆော်ထားသည်။


သျှမ်းတပ်ဖွဲ့ နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန်၊ ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါအား လက်တွဲပူးပေါင်း တားဆီးကာကွယ်တိုက်ဖျက်ကြရန်။ ပြည်သူတို့၏ အကျိုးစီးပွား ထိခိုက်နစ်နာစေမည့် မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ရှောင်ကြဉ်ကြရန် SNLD ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...