CATEGORY

နိုင်ငံရေး

တရုတ်နယ်စပ်မျဉ်း မုံးကိုးမြို့ပေါ် စစ်ဘေးရှောင်များ ထပ်တိုးလာ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ များ နေ့စဉ် ဖြစ်ပွားမှုကြောင့် တရုတ်နယ်စပ်မျဉ်းပေါ် မြန်မာဘက်ခြမ်း မုံးကိုး မြို့ပေါ်သို့ စစ်ဘေးရှောင်များ ထပ်မံ တိုးလာကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ နေ့စဉ်နေ့တိုင်း...

Pekhon – PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဖယ်ခုံ) Pekhon – PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် အထိနာရခဲ့သည့်အတွက် ညအချိန်တွင် လွိုင်ကော်မြို့ အတွင်းသို့...

မုံးကိုးမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ရှိ လှုရင်ထန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် MNDAA တို့သည် တနေ့ ထက်တနေ့ စစ်ရေး ပိုပြင်းထန်လာကြောင်း သတင်း ရရှိသည်။ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ကာ ဖောင်ဆိုင်းကျေးရွာအနီးရ စစ်ကောင်စီ...

လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ယမန့်နေ့ ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၇) ဦးကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ...

ကျောက်မဲမြို့နယ် (၂)လအတွင်း စစ်ရှောင် (၂၅၀၀)ကျော်ထိရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် (၂)လအတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် (၂၅၀၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ သည် ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု သြဂုတ်လတို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးလာရသည့်...

မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲပြင်းထန် နေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဟေမုံးလုံကျေးရွာအုပ်စုမှာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် MNDAA တပ်တို့ကြား တိုက်ပွဲထပ်မံ ပြင်းထန်နေဆဲ ဟု စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၃၁) ရက် မနက် (၈) နာရီခွဲခန့်မှာ ဟေမုံးလုံကျေးရွာအုပ်စု နော့ကိုးရွာမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း...

မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ ရွာဟောင်းတည်နေရာဖြစ်ဖူးသည့် နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ လမ်းထောင့်တွင် စစ်ကောင်စီ တပ်သားဟု ယူဆသည့် စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း (၁၇) လောင်း တွေ့ရှိရကြောင်း သတင်းသိရသည်။ “ဒီနေရာက အရင်က ရွာရှိခဲ့ဖူးပါတယ်၊ ရွာနေရာဟောင်းဆိုတော့ သိတဲ့အတိုင်း ချုံတွေက ဟိုတစ်အုပ် ဒီတစ်အုပ်နဲ့...

ကျောက်မဲ စစ်ရှောင်စခန်းရောက် ကိုယ်ဝန်သည် စစ်ရှောင်စခန်းတွင် မီးဖွား

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ ဝမ်လုံစစ်ရှောင်စခန်းသို့ ရောက်ရှိနေသည့် စစ်ရှောင်ကိုယ်ဝန်သည်တစ်ဦး မီးဖွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုတွင် ကိုယ်ဝန်လစေ့ဖြင့် စစ်ရှောင်ရောက်လာတာဖြစ်ပြီး ထိုစစ်ရှောင်စခန်းတွင် သြဂုတ် (၂၆)ရက်တွင် မီးဖွားခဲ့ကြောင်းသိရသည်။ “ရောက်လာတာ (၁၀)ရက်လောက်ရှိပြီ၊ ကိုယ်ဝန်အရင့်အမာနဲ့ စစ်ရှောင်ရောက်လာတာပါ၊ ပန်ကွမ်ကျေးရွာသူပါ၊ ခု ကလေးရော မိခင်ရော ကျန်းကျန်းမာမာပဲ” ဟု...

သီပေါမြို့နယ် စစ်ဒဏ်ကြောင့် လယ်ယာမသွားနိုင် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုရှိ ကျေးရွာတစ်ချို့ စစ်ဒဏ် နှင့် လယ်ယာမလုပ်နိုင်သည့် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဆွန်လုံကျေးရွာအုပ်စုရှိ ချောင်ဆုံကျေးရွာ မှ (စစ်ရှောင်ပြည်သူများ) နှင့် ဟာလျံကျေးရွာ နှင့် ဆွန်လုံ ကျေးရွာ...

သျှမ်တောင် တောင်သူများ အကြွေးသောကဖြင့် ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ခရမ်းချဉ်၊ ကော်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများ သီးနှံပေါ်ချိန်ဖြစ်သော်လည်း အရင်းပြန်မရသည့်အပြင် အကြွေးများပါတင်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တီကျစ်မြို့တွင် သီးနှံများအား ဝယ်ယူသူမရှိသည့်အတွက် ဈေးနှုန်းအဆမတန်ကျဆင်းပြီး စီးပွားရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ “တစ်ရွာလုံး အရှုံးပေါ်နေကြတာ၊ ကိုဗစ်ကြောင့် ဈေးလည်းပိတ်ထားရတော့ သွားရောင်းလို့လည်း မရ၊ အရင်နှစ်တွေဆို...

Latest news