ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ
SHAN -
ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို...
မူဆယ်မြို့ CDM ပညာရေးဝန်ထမ်းများ နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်ခံနေရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာရှင် စနစ်ကို အာဏာဖီဆန်မှုလှုပ်ရှားရာတွင် ပါဝင်သည့် ( CDM) ပညာရေးဝန်ထမ်းများကို လစာကိုယ်တိုင်လာထုတ်မှသာပေးမည်ဟု ဖိအားပေး၊ ခြိမ်းခြောက်ခံနေကြောင်း သတင်းရရှိသည်။ အဆိုပါ CDM ပါဝင်လှုပ်ရှားနေသည့် ပညာရေး ဝန်ထမ်းများကို လက်မှတ်ထိုးခိုင်းပြီး၊ လစာကိုယ်တိုင် လာထုတ်ယူခိုင်း ကြောင်း နှင့် မေ...
မိုးမောက်မြို့စစ်ရှောင်အတွက် နေရာထိုင်ခင်း နှင့် စောင်အရေးပေါ်လိုအပ်
SHAN -
ကချင်ပြည် မိုးမောက်မြို့နယ်အတွင်း ကချင်တပ်မတော်(KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတို့ တိုက်ပွဲ နေ့ည ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဦးရေတိုးလာကာ နေရာထိုင်ခင်း နှင့် စောင်များ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ ပထမအကြိမ် ရယူထားသည့် စစ်ဘေးရှောင် စာရင်းများအရ (၃၁၂၈) ဦးရှိပြီး လက်ရှိတွင် စာရင်းအပြောင်းအလဲရှိကြောင်း ပရဟိတ...
တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြား နေအိမ် (၅၀) မီးလောင်ပျက်စီး
SHAN -
တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ နေအိမ် (၅၀) ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ယနေ့ချိန်ထိ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်...
သီပေါမြို့ ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ပညာရေးမှူးရုံးကို ယနေ့ (ဧပြီ ၂၇)ရက် မနက် (၁)နာရီ ဝန်းကျင် တွင် လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။ ပညာရေးမှူးရုံး ဒုပညာရေးမှူး က ဝန်းထမ်းများကို ရုံးတက်ရန် ဖိအားပေးခြင်း၊ စစ်တပ်တို့နှင့် ပူပေါင်းခြင်းကြောင့် သီပေါဒလံ ရှင်းလင်းရေး အဖွဲ့...
အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူ၊ ဒလံများ ရှင်းပစ်မည် ဟု သီပေါလူငယ်များ စာထုတ်
SHAN -
သျှမ်းပြည် မြောက်ပိုင်းသီပေါမြို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး၊ ဘက်တော်သား လက်ပါးစေ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ရပ်တန့်ကြရန် သီပေါလူငယ်များက သတိပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ထို့ကြောင့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ ဘက်တော်သား ဒလံ များကို သီပေါမြို့ထဲတွင် မနေနိုင်အောင်...
SHAN -
RCSS ၏ ဗဟိုဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းဒေသအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ကိစ္စ တိုင်းစီယမ် ကုမ္ပဏီက ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ (၂၃) ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းပြည်နယ်...
ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊...
နောင်ချိုမြို့ ဖမ်းဆီးခံလူငယ်(၂)ဦး ပြန်လွှတ်ပေး၊ ညှိနှိုင်းပေးသည့် အမျိုးသား တဦး ဖမ်းခေါ်သွား
SHAN -
သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့တွင် ယမန်နေ့ (ဧပြီ ၂၅)ရက်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ လူငယ် (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားပြီး ပြန်လည်လွှတ်ပေးသော်လည်း သွားရောက်ညှိနှိုင်းပေးသည့် အမျိုးသား တဦးကို ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ နောင်ချိုမြို့တွင် ယမန်နေ့(ဧပြီ ၂၅)ရက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည့်...
လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။...





