လားရှိုး – သိန္နီကြား တိုက်ပွဲ ဖြစ် ကားလမ်းကို ယာယီပိတ်ထား

သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုး-သိန္နီကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားသည့်အတွက် ပြည်ထောင်စု ကားလမ်းမကြီးကို ယာယီပိတ်ဆို့ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ် ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် လားရှိုး – သိန္နီကြားရှိ နမ့်တွန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာနှင့် မန်ဒေါင်‌ကျေးရွာ ကြားမှာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကားလမ်းအသုံးပြုမှုကို ယာယီပိတ်ခံလိုက်ရကြောင်း အဆိုပါ လမ်းကြောင်းတွင်ကားမောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

“မနေ့ မနက်ပိုင်းမှာ တိုက်ပွဲသံတွေ စကြားခဲ့တာ၊ ညနေ ၄နာရီ ၂၀ မိနစ် ဝန်းကျင်မှာ သိန္နီနဲ့ လားရှိုးကြားမှာ ရှိတဲ့ S ကွေ့နားမှာ တိုက်ပွဲသံ ကြားခဲ့ရပါတယ်၊ လားရှိုး ဘက်ခြမ်းနဲ့ နီးတယ်၊ မနေ့မှာ တိုက်ပွဲသံတွေ ကြားရပြီးတော့ နမ့်တွန်းရွာက S ကွေ့နားကမိန်းလမ်းမ ပိတ်ထားလိုက် တာ ဒီနေ့ မနက်ရောက်တော့ ပြန်ဖွင့်ပေးလို့ သွားနိုင်ပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ စစ်ကြောင်းချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့်တပ်မတော် (MNDAA) တပ်တို့ကကြားဖြတ် တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“တိုက်ပွဲက မနက် ၉ နာရီဝန်းကျင်ကနေ ၁၀ နာရီနီးနီးထိ ကြားရတယ်၊ နေ့ခင်းပိုင်းမှာလည်းသေနတ်သံတွေ တစ်ချက်တစ်ချက် ကြားရတယ်၊ ညနေပိုင်းမှာတော့ အသံမကြားရတော့ဘူး၊ ဒါပေမဲ့ လမ်းကိုတော့ ပိတ်ထား လိုက်တယ်၊ ဒီနေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ပေးတာ” ဟု အဆိုပါ လမ်းကြောင်းတွင် ခရီးသွားခဲ့သူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ ကလည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့သည် နမ့်တွန်းရွာအနီး တိုက်ပွဲ ဖြစ်ပွားကာ အဆိုပါ ယာဉ်ကြောင်းလမ်းမှ အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ် များကို သွားလာခွင့် မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့ခြင်းမျိုးလည်း ရှိခဲ့သည်။

လက်ရှိ ရက်ပိုင်းကာလအတွင်း လားရှိုးနဲ့ သိန္နီကြားရှိ ကားလမ်းမပေါ်တွင် မကြာခဏ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တိပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပေါ်တတ်သော ကြောင့် အဆိုပါ ကားလမ်းကို အမှီပြု အလုပ်လုပ်ကိုင်နေကြသည့် ပြည်သူများက ဝမ်းရေးအတွက်နှင့် လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...