မိုင်းကိုင် စစ်ရှောင်များ စားနပ်ရိက္ခာ မကြာခင် ပြတ်လတ်တော့မည်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရက်ပိုင်းရောက်ရှိလာသည့် စစ်ရှောင်များ (၂၀၀၀) ကျော် စားနပ်ရိက္ခာ မကြာခင် ပြတ်လတ်မှု ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ရှောင် (၁၄၃၆) ဦး၊ တုံလောကျေးရွာအုပ်စုမှာ (၆၀၀) ခန့်၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၃) ဦး နှင့် မိုင်းကိုင်မြို့တွင်းရှိ ဆွေမျိုးများ နေအိမ်မှာလည်း အနည်းငယ် သွားရောက်ခိုလှုံနေသည့် သူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

“စားသောက်ပိုင်းတွေ လိုအပ်တယ်။ဘာလို့လဲဆိုတော့ မနေ့က ဆန်တွေကို ခွဲဝေပေးတာ အိတ်ပေါင်း (၁၃၀) ကျော် လောက် တစ်အိမ်ကို (၃) ပြည်လောက်ပဲရတယ်။ အဲ့ကြောင့် အစားအသောက် ဆန် ဆီဆားတွေ လိုအပ်တယ်” ဟု စစ်ရှောင်များ ကို ကူညီပေးနေသည့်သူ တစ်ဦး ကပြောသည်။

ဆန်ကို အဓိက လိုအပ်သော်လည်း မိုးရွာသီဖြစ်သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်ခဲဖြစ်သောကြောင့် ရိက္ခာခြောက်များလည်း လိုအပ်ကြောင်း သတင်းရရှိသည်။

“ကျမတို့ ဆန် နဲ့ ဆား ရှိရင် စားလို့ရပြီ။ အဓိက ဆန် တွေ လိုအပ်တာပေါ့” ဟု ပန်ကေတုမှာ ရောက်ရှိနေသည့် စစ်ရှောင် အမျိုးသမီး တစ်ဦး ကပြောသည်။

ကိုဗစ် -၁၉ ကာလလည်း ဖြစ်သည့်အတွက် ယခုလို စစ်ရှောင်များ စုပေါင်းပြီး နေထိုင်သည်ကိုလည်း ကူးစက်ရောဂါအတွက်လည်း စိုးရိမ်ရကြောင်း သိရှိရသည်။

“ကိုဗစ် -၁၉ ကူးစက်ရောဂါကိုလည်း စိုးရိမ်ရတယ်။ လူတွေက စုပြီး နေထိုင်ရတယ်ဆိုတော့ နှာခေါင်းစည်းတွေလည်း သိပ်မတပ်ကြဘူး။ ကိုဗစ် – ၁၉ အသိပညာပေးဖို့ အားနည်းနေသေးတယ် အသိပညာများများလာပေးဖို့ မျှော်လင့်တယ်” ဟု ပန်ကေတု ကျေးရွာမှာ စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၉) ရက်မှစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်သောကြောင့် စစ်ရှောင်များ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်လာစဉ်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီးလာသည့် ထော်လဂျီ (လေးလုံးထိုး) လည်း တိမ်းမှောက်မှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့သူများလည်း ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...