တောင်လေးလုံး ဖမ်းဆီးခံရသူများ ယနေ့ ရုံးထုတ်မစစ်ဆေးမှုမပြုလုပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံး) တွင် ဖမ်းဆီးခံထားရသူများကို ယနေ့ (စက်တင်ဘာလ ၂၂) ရက် အမှု ပြန်လည်စစ်ဆေးမည် ဟု ပြောဆိုခဲ့သော်လည်း ရုံးထုတ်စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ရွှေ အကျဉ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားပြီး ဖမ်းဆီးခံရသည့် ပြည်သူများကို ယနေ့ အမှုပြန်လည်စစ်ဆေးမည် ဟု သက်ဆိုင်ရာ ရှေ့နေများနှင့် မိသားစုဝင်များကို အကြောင်းကြားခဲ့သော်လည်း ရုံးထုတ်စစ်ဆေးမှု မပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံရသူများကို ကူညီပေးသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ စစ်မယ်ပြောလို့ အောက်ထောင် (တောင်လေးလုံး) ကိုတောင် ကျနော်တို့သွားခဲ့ပါသေးတယ်၊ ဒါပေမဲ့ အောက်ထောင်ကို ရောက်တော့ သူတို့က ထုတ်မပေးဘူး၊ မစစ်ဖြစ်သေးဘူးလို့ပဲ ပြောတယ်” ဟု ၎င်းအမျိုးသားကဆိုသည်။

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူ (၂၀၀) ကျော်ကို ထိန်းသိမ်းချုပ်‌နှောင်ထား‌သည် တောင်လေးလုံ အကျဉ်းထောင်တွင် ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် အမှုစစ်ခွင့်များ ပိတ်သိမ်းထားသည်မှာ ၃ လ နီးပါးခန့် ကြာ နေပြီဖြစ်ကြောင်း သိရသည်။

“အမှုတွေ မစစ်တာ သုံးလလောက်ရှိနေပြီ၊ ဇွန်လရဲ့ တတိယပတ်ထဲမှာ အမှုစစ်ခွင့် ရတာ နောက်ဆုံးပဲ၊ အခု ချိန်ထိ အမှုတွေက တို့လို့တန်းလန်း နဲ့ ဘာတစ်ခုမှ မပြီးသေဘူး၊ ဘယ်အမှုကိုမှ ဆုံးဖြစ်ချက်မချရသေးဘူး” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင် အတွင်း၌ ကိုဗစ် – ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသူ (၃) ဦးသေဆုံးခဲ့ရသည့်အပြင် လက်ရှိ အချိန်ထိ သေဆုံးခဲ့ရသူ၊ အနံ့ပျောက်သူ၊ ဖျားနာသူ များလည်း ဆက်လက်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...