Thursday, May 2, 2024

တောင်လေးလုံး ဖမ်းဆီးခံရသူများ ယနေ့ ရုံးထုတ်မစစ်ဆေးမှုမပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ညောင်ရွှေ အကျဉ်းထောင် (တောင်လေးလုံး) တွင် ဖမ်းဆီးခံထားရသူများကို ယနေ့ (စက်တင်ဘာလ ၂၂) ရက် အမှု ပြန်လည်စစ်ဆေးမည် ဟု ပြောဆိုခဲ့သော်လည်း ရုံးထုတ်စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ရွှေ အကျဉ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားပြီး ဖမ်းဆီးခံရသည့် ပြည်သူများကို ယနေ့ အမှုပြန်လည်စစ်ဆေးမည် ဟု သက်ဆိုင်ရာ ရှေ့နေများနှင့် မိသားစုဝင်များကို အကြောင်းကြားခဲ့သော်လည်း ရုံးထုတ်စစ်ဆေးမှု မပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံရသူများကို ကူညီပေးသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ စစ်မယ်ပြောလို့ အောက်ထောင် (တောင်လေးလုံး) ကိုတောင် ကျနော်တို့သွားခဲ့ပါသေးတယ်၊ ဒါပေမဲ့ အောက်ထောင်ကို ရောက်တော့ သူတို့က ထုတ်မပေးဘူး၊ မစစ်ဖြစ်သေးဘူးလို့ပဲ ပြောတယ်” ဟု ၎င်းအမျိုးသားကဆိုသည်။

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူ (၂၀၀) ကျော်ကို ထိန်းသိမ်းချုပ်‌နှောင်ထား‌သည် တောင်လေးလုံ အကျဉ်းထောင်တွင် ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် အမှုစစ်ခွင့်များ ပိတ်သိမ်းထားသည်မှာ ၃ လ နီးပါးခန့် ကြာ နေပြီဖြစ်ကြောင်း သိရသည်။

“အမှုတွေ မစစ်တာ သုံးလလောက်ရှိနေပြီ၊ ဇွန်လရဲ့ တတိယပတ်ထဲမှာ အမှုစစ်ခွင့် ရတာ နောက်ဆုံးပဲ၊ အခု ချိန်ထိ အမှုတွေက တို့လို့တန်းလန်း နဲ့ ဘာတစ်ခုမှ မပြီးသေဘူး၊ ဘယ်အမှုကိုမှ ဆုံးဖြစ်ချက်မချရသေးဘူး” ဟု အမည်မဖော်လိုသည့် တောင်ကြီးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင် အတွင်း၌ ကိုဗစ် – ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသူ (၃) ဦးသေဆုံးခဲ့ရသည့်အပြင် လက်ရှိ အချိန်ထိ သေဆုံးခဲ့ရသူ၊ အနံ့ပျောက်သူ၊ ဖျားနာသူ များလည်း ဆက်လက်ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article