နိုင်ငံရေးရှုပ်ထွေးမှု အခွင့်ကောင်းယူပြီး တရုတ်မှ သျှမ်းမြောက် နယ်မြေကျူးကျော်နေ

နိုင်ငံရေး အခြေအနေ ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းမြို့ဘက်ခြမ်းသို့ နယ်မြေကျူးကျော်နေရာယူနေကြောင်းသတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လကုန်မှစတင်ကာ မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း မူဆယ် နှင့် နမ့်ခမ်းမြို့ နယ်အတွင်းသို့ တရုတ်နိုင်ငံမှ နယ်မြေကျူးကျော် ခြံစည်းရိုးခတ်ခဲ့မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ထိုနယ်မြေ ကျူးကျော်မှုကိစ္စကို သက်ဆိုင်ရာ ဘက်မှ တစုံတရာ လာရောက်ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ (၂၁)ရက်နေ့က မူဆယ်မြို့နယ် ကျားခေါင်း (SNLD) ပါတီအဖွဲ့ဝင်တစ်ချို့နှင့် ဒေသခံတို့ ကွင်းဆင်းမှတ်သားမှု ပြုလုပ်ခဲ့ကြောင်း SNLD ပါတီ အဖွဲ့ဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခု အစိုးရက ကွင်းဆင်းစစ်ဆေးပေးတာ မရှိလို့ ဒီလို ပြဿနာဖြစ်လာတယ်၊ တရုတ်ကလည်း တစ်ဖက်ကို အလေးမထားဘူး၊ လုပ်ချင်တာလုပ်နေတဲ့ သဘောပါပဲ၊ အဲ့ဒါကို သက်သေရှိထားဖို့ ဒေသခံတွေ အကူအညီတောင်းလာတာနဲ့ ကွင်းဆင်းသွားကြည့်တာပါ” ဟု မူဆယ်မြို့နယ် ကျားခေါင်းပါတီ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုဒေသတွင် နယ်စပ်အမှတ်အသား ပြုလုပ်ထားသော်လည်း တရုတ်က ထပ်မံကျူးကျော်လာပြီး ငါးကန်ပြုလုပ်ခြင်း၊ အလံလာစိုက်ပြီး အမှတ်အသားသစ် ထပ်မံပြုလုပ်ထားတာတွေလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“နယ်စပ် ခြံစည်းရိုးကို ပထမအဆင့် ခတ်ထားပြီးပြီ၊ အဲ့ဒီ ခြံစည်းရိုး အပြင်မှာ ငါးကန်ထပ်လုပ်ပြီး သူတို့ အလံကို လာစိုက်ထားသေးတယ်၊ ကန့်ကွက်တဲ့သူ မရှိရင် နောက်ထပ်ခြံစည်းရိုး လာခတ်တယ်။ တစ်လံရရင် တစ်လံ ယူတာ” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာနှင့် မူဆယ်မြို့နယ် မန့်ဟီးရိုးဒေသတွင် နယ်ခြားကျောက်တိုင် (၃)တိုင် ရှိပြီး ထိုနယ်စပ်တစ်လျှောက် တရုတ်ဘက်မှတဲထိုးကာ CCTV တပ်ဆင်ထားပြီး စောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။

တရုတ်ဘက်မှ လာရောက်စိုက်ထူသည့် ခြံစည်းရိုးတိုင်များကို မန့်ဟီးရိုးမြို့ဒေသခံများက ဇူလိုင် ၂၆ရက် တွင် သွားရောက်ဖြုတ်ပစ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၃)ရက်နေ့က ကချင်ပြည် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသအတွင်းရှိ မြန်မာ − တရုတ်နယ်စပ်မျက်း နယ်ခြားမှတ်တိုင် (၅၃/၁ − ၅၃/၂)မြန်မာပိုင်နက်နယ်မြေကို တရုတ်ဘက်မှ ကျူးကျော်ပြီး ခြံစည်းရိုးလာခတ်သဖြင့် ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်ခဲ့သေးကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...