Thursday, January 29, 2026

တပ်ပေါင်းစုကို ထမင်းသွားပို့သူတစ်ဦး သေနတ်ထပ်မံပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာ ဒေသခံ အမျိုးသားတဦး တပ်ပေါင်းစုကို ထမင်းသွားပို့စဉ် လမ်းတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ညနေ ၃ နာရီခွဲက တပ်ပေါင်းစု (TNLA , SSPP) တို့ စခန်းချထားသည့်နေရာကို ထမင်းသွားပို့ပေးသည့် စိုင်းသန်းနိုင်သည် လွယ်ကုန်ရွာအဝင်တွင် သေနတ် ပစ်ခံရပြီး လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ပန်လင်ကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လွယ်ကုန်ရွာအဝင်မှာ သေနတ်ပစ်ခံရတာ။ ဘယ်အဖွဲ့စည်းက ပစ်လည်းတော့ ကျနော်တို့မသိဘူး။ လက်ကို ပစ်မိတာ။ ထမင်းကိုသွားပို့ပေးရင် လမ်းမှာ ခြောင်းပစ်ခံရတာ။ ဒါနဲ့ဆို (၂) ခါရှိပြီ” ဟု ပန်လင်ကျေးရွာ ဒေသခံ တဦးက ပြောသည်။

ပန်လင်ကျေးရွာဒေသခံ ပြည်သူများက တပ်ပေါင်းစုများကို နေ့စားအဖြစ် ထမင်းဟင်းချက်ပြီး ပို့ဆောင်ပေးနေရပြီး၊ ထိုသို့ ထမင်းဟင်းချက်ပြီး ပို့ဆောင်ရန်သွားစဉ် လမ်းတွင် ပစ်ခတ်မှုများခံနေရသောကြောင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေကြာင်း သိရသည်။

“ စိုးရိမ်တာပေါ့။ ကျနော်တို့က ပြည်သူလေ။ သူတို့က လက်နက်ရှိတယ်။ ကျနော်တို့က လက်နက်အောက်မှာပဲ နေရတယ်။ ဘယ်အဖွဲ့စည်းကိုမှလည်း မလွန်ဆန်ရဲဘူး။ ဒီလိုဖြစ်လာတာ ကျနော်တို့ အသက်အတွက် အရမ်းကို စိုးရိမ်ရတယ်” ဟု ပန်လင်ကျေးရွာ ဒေသခံ အမျိုးသားတဦးက ပေသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင်လည်း ကျောက်မဲမြို့နယ် တပ်ပေါင်းစုစခန်းချထားသည့် နောင်ဆင်ကျေးရွာအနီး တွင် ထမင်းသွားပို့ပေးသည့် အမျိုးသားတဦးလည်း ရင်ဘတ်တွင် သေနတ်ပစ်ခံ ရကြောင်းသိရသည်။

ကျောက်မဲဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် RCSS နှင့် တပ်ပေါင်းစု (TNLA, SSPP) သွားလာ လှုပ်ရှားနေသည့် ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပြည်သူ ၂၅၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...