CATEGORY

နိုင်ငံရေး

NCA (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား လက်နက်ကိုင် (၇) ဖွဲ့ တက်ရောက်

နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဗဟိုဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ အောက်တိုဘာ (၁၅) ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ...

စစ်ရှောင်သွားသည့် နမ္မတူမြို့နယ်က ဇင်လီရွာသား နေအိမ်တချို့ ဖောက်ထွင်းဖျက်ဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်ရသည့် ဇင်လီကျေးရွာမှ ဒေသခံများ၏ နေအိမ်တချို့သည် ဖောက်ထွင်းဖျက်ဆီး ခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့နယ် ဇင်လီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊...

ပြည်ထောင်စု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြေအနေအပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမယ်လို့ RCSS ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ဆုံဆွေးနွေလိုကြောင်း ယမန်နေ့ (အောက်တိုဘာ ၁၀) ရက်နေ့မှာ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကမ်းလှမ်းမှုသည် အောက်တိုဘာ (၁၀) ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်အထိ သတ်မှတ်ထားပြီး...

ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးမှု RCSS ကမ်းလှမ်း

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS မှ ထုတ်ပြန်ထားသည်။ အဆိုပါ ကမ်းလှမ်းမှုသည် ယနေ့ အောက်တိုဘာ (၁၀) ရက် မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်အထိ သတ်မှတ်ထားပြီး...

စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ “...

နမ့်စန်မြို့နယ်ရုံးမှာ မှတ်ပုံတင်လုပ်သူများကို ကျပ် (၂) သိန်းဆီတောင်းယူ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးတွင် ယခုလတွင်း မှတ်ပုံတင်သွားလုပ်ကြသူများကို ဦးစီးမှူးက တစ်ယောက်ကို ကျပ် (၂) သိန်းဆီတောင်းယူနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင် အသက် (၁၈) နှစ်အောက် ကလေးမှတ်ပုံတင်ကို မြို့နယ်ဦးစီးမှူးရုံးသို့ သွားလုပ်ရင်း ဦးစီးမှူးက မြန်မာကျပ်ငွေ (၂) သိန်းယူခဲ့ကြောင်း ပိုက်ဆံမပေးဆောင်လျှင် မှတ်ပုံတင်မလုပ် ပေးကြောင်း...

နမ့်စလပ်ကျေးရွာအတွင်း လက်နက်ကြီးကျ အရပ်သားတစ်ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူများရှိ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၆) ရက် ည ၆ နာရီဝန်းကျင်တွင် နမ့်စလပ်ကျေးရွာ အုပ်စုမှ နမ့်အွန်ရွာနှင့် တွန်မုံရွာကြားတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး...

မိုးဗြဲမြို့ ပြည်သူတစ်ဦး မှိုသွားရှာရင်း ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ပေါ်ဦး ၁ ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မှိုသွားရှာရင် ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်တွင် အသက် (၂၈)နှစ် အရွယ်ရှိ မောင်သိန်းစိုး အိမ်အနီးပတ်ဝန်းကျင်နား မှိုထွက်ရင် ပျောက်ဆုံးသွားပြီး ယနေ့အချိန်ထိ အဆက်သွယ်ပြန်မရရှိသေးကြောင်း သိရသည်။ “ ၁ ရက်နေ့ကတည်းကပျောက်သွားတာ။...

PNO နှင့် RCSS တို့ တွေ့ဆုံမှုမရှိဟု PNO ငြင်းဆို

ယခု ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နယ်မြေ ခွဲဝေရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု လူမှုကွန်ယက်ပေါ် သတင်းထွက်ပေါ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယခင် (ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) ရလလခ...

သျှမ်းမူတန်းတူရေး နဲ့ ဝ ပြည်နယ်သစ် ပေါ်ပေါက်နိုင်မယ့်အလားအလာ

ဒီတပတ် မြန်မာနိုင်ငံအတွင်း ဂယက်ထထားသွားတဲ့ သတင်းကတော့ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) “ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ စစ်ကောင်စီက မူအားဖြင့် သဘောတူလိုက်တဲ့ သတင်းပါပဲ။ စက်တင်ဘာ ၂၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)...

Latest news