Sunday, February 8, 2026

CATEGORY

နိုင်ငံရေး

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီ စစ်ရေးထိုးစစ်ဆင်ရာတွင် ပြည်သူနေအိမ် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေလအတွင်းမှစတင်ပြီး စစ်ကောင်စီ...

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကို စစ်ကောင်စီက ပုဒ်မ ၁၃၀ (က) အမှုထပ်တိုး

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲ အနိုင်အထက်ပြုကျင့်သည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ကြောင်းသိရသည်။ ယမန်နေ့ ဇူလိုင် ၂၆ ရက်တွင် ဒေါက်တာလင်းထွဋ်ကို အမှုတိုး တရားစွဲလိုက်ကြောင်း သိရသည်။ “ဟုတ်တယ်။ ကျနော်တို့ အဲ့လိုကြားတယ်။ သူ့ကို...

တပ်မဆုတ်နိုင်ဟု SSPP မှ စစ်ကောင်စီထံ အကြောင်းပြန်

အာဏာသိမ်း စစ်ကောင်စီ တပ်ဆုတ်ခိုင်းသည့် သျှမ်းပြည်တောင်ပိုင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၃ ခုကို မဆုတ်နိုင်ဟု SSPP က အကြောင်းပြန်လိုက် ကြောင်းသတင်းသိရသည်။ ဇူလိုင်လ ၂၁ ရက်တွင် SSPP မှ စစ်ကောင်စီကို အကြောင်းပြန်လိုက်ခြင်းဖြစ်ကြောင်း သိရပြီး စစ်ကောင်စီဘက်မှ...

ဖယ်ခုံမြို့နယ် တိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးမှုများရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် KNDF BO3 ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၂၁) နေ့လည် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဆွဲထားသည့် နေရာကို ဖယ်ခုံ...

စစ်ကောင်စီ မှ SSPP ကိုဖိအားပေးတပ်ဆုတ်ခိုင်း မိုင်းရှူးပြည်သူများ စိုးရိမ်ထိတ်လန့်နေ

စစ်ကောင်စီ မှ သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)ကို မနက်ဖြန် (ဇူလိုင် ၂၁) ရက် နောက်ဆုံးထားပြီး တပ်စခန်းဆုတ်ခိုင်းသည့် အပေါ် ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ် ထိတ်လန့်နေကြောင်း သတင်းသိရသည်။ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းနေရာသုံးခုကို ဇူလိုင် ၂၁ ရက်နောက်ဆုံးထား...

မိုးနဲမြို့အတွင်း ပြည်သူ့စစ် ဖွဲ့စည်းပြီး

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် တစ်ရပ်ကွက်ကို (၅) ယောက်နှုန်းဖြင့် ပြည်သူ့စစ် ဖွဲ့စည်းပြီးကြောင်း ဒေသခံများထံ စုံစမ်းသိရှိရသည်။ အဆိုပါ ပြည်သူ့စစ်ကို ဖွဲ့စည်းရန် ဇူလိုင် (၁) ရက်က စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က လာရောက်ပြောဆိုခဲ့သည်။ ထိုနောက် ဇူလိုင်လ ဒုတိယပတ်မှာ ပြည်သူ့စစ်ကို ဒေသတွင်း...

နယ်စပ် ဆီထွက်ပို့ကုန် ဒေါ်လာငွေကြိုတင်ငွေလွှဲပေးမှ လိုင်စင်ခွင့်ပြု ထုတ်ပေးမည်

နယ်စပ်ကုန်သွယ်ရေး ပို့ကုန်တင်ပို့မည့် ဆီထွက်ကုန်ပစ္စည်းများကို ကြိုတင်ငွေလွှဲဝင်ပြီးမှသာ လိုင်စင်ခွင့်ပြု ထုတ်ပေးမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းးဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ ဆီထွက်သီးနှံများဖြစ်သည် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆံများ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်ပြီး ပို့ကုန်ုတန်ဖိုးအား ကြိုတင်ငွေလွှဲစနစ် Advanced Telegraphic Tranfer (TT)...

SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့မှာ ဇူလိုင် (၁၄) ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ SSPP/SSA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မိုင်းရှူးမြို့နယ်ရှိ SSPP တပ်စခန်းများကို (၇) ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ခြင်း နဲ့ ပတ်သက်ပြီး...

SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ...

မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...

Latest news