လားရှိုးမြို့ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

သျှမ်းပြည် လားရှိုးမြို့ ပန်စုံကျေးရွာရှိ မွေတော်စေတီ အနီးတွင် လာရောက်စခန်းချနေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၁နာရီခွဲကျော်တွင် လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ မွေတော်စေတီအနီး ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၂ ကြိမ်လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း လားရှိုးဒေသခံတစ်ဦးက ပြောသည်။

“မနေ့က နေ့လည် ၁၁ နာရီခွဲလောက် လေယာဉ်နဲ့ ဗုံးလာကြဲတာ။ လေယာဉ်နဲ့ ၂ ခါ လာဝဲပြီး ပစ်သွားတာ။ ကိုးကန့်တပ်ဖွဲ့ MNDAA က ရွာမှာ ရောက်နေတော့ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ။ မြေပြင်မှာ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ ရွာမှာရှိတဲ့ မွေတော်စေတီတစ်ဝိုက်ကို ပစ်တာ၊ စေတီတစ်ဆူ ထိတယ်။ လမ်းဘေးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေလဲ ရှိသေးတယ်”ဟု အမည်မဖော်လိုသည့် လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့

တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချရာ ကျေးရွာအနီးတဝိုက်ကို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၆၈)မှ လက်နက်ကြီးဖြင့် ၃ ခါ ပစ်ခတ်ခဲ့သည်ဟု စုံစမ်းသိရပြီး ထိခိုက်ကျဆုံးမှုကို မသိရှိရသေးပေ။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားကာ စားဝတ်နေရေး အခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။

“တိုက်ပွဲဖြစ်မှာ အရမ်းစိုးရိမ်တယ်။ ပြီးရင် အခုချိန်က ဆန်ရေစပါး ရိတ်သိမ်းတဲ့ အချိန်လဲဖြစ်တယ်၊ သီတင်းကျွတ်ပွဲလုပ်မယ့် အချိန်လဲဖြစ်တယ်ပေါ့။ ရွာသားတွေ တိုင်ပင်ကြတာတော့ ဒီနှစ် သီတင်းကျွတ်ပွဲကို မလုပ်ဖြစ်တော့ဘူး။ အဘက်ဘက်ကလဲ အင်အားတွေဖြည့်လာကြတော့ ရွာသားတွေလဲ တိုက်ပွဲဖြစ်မှာ ကြောက်တယ်။ တောင်ယာကတော့ ဘယ်လိုမှ မသွားရဲကြတော့ဘူး။ အခုတော့ မငတ်ရုံတမယ်ပဲရှိတယ်”ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ယင်းကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် စစ်သားများက သာသနာ့နယ်မြေ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပစ်ခတ်မှု ဖြစ်ပွားခြင်း၊ ကျေးရွာအတွင်း လူထုနှင့်အတူ ရောနှောနေထိုင်ခြင်း တို့သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ဥပဒေနှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်တွင် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု တီးမရွာအနီး တပ်စွဲထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ ၆ စခန်းနေရာကိုလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...