မိုးဗြဲမြို့ ပြည်သူ့နေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများဖောက်ထွင်းခံရ
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ရှောင်နေရသည့် ပြည်သူများနေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ခံနေရကြောင်း သတင်း သိရသည်။ မိုးဗြဲမြို့ပေါ်ရှိ လူမနေသည့် စစ်ရှောင်ပြည်သူများနေအိမ် နှင့် ဝီသဲဂူကျေးရွာ နှင့် တခြားစစ်ရှောင်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသမား နှင့် သူခိုးတို့သည် နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းများ...
ကလောမြို့ NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ
သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ဆိုင်ကယ်သမား (Biker) တစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၀) ရက်တွင် ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင် အကြမ်းစီး...
ဟိုပုံးမြို့ရှိ CDM မှ Non – CDM ပြန်လည် ပြုလုပ်သည့် ဝန်ထမ်း များ (၈) လကြာ လစာမရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ရှိ Non CDM ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများသည် (၈) လကြာ လစာမရသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများသည် ယခင်က (CDM) ပြုလုပ်ထားသော ဝန်ထမ်းများ ဖြစ်ခဲ့ကြပြီး...
နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ (၆)ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ
SHAN -
သျှမ်းမြောက် နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၆)ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးတွင် သြဂုတ် ၃ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ နှင့် PDF (မန္တလေး)...
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှု ထောင်ဒဏ် ၂ နှစ် ထပ်မံချ
SHAN -
သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၁၃၀(က) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံချလိုက်ကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၃ရက်တွင် တောင်လေးလုံး အကျဥ်းထောင် တရားရုံးမှ သျှမ်းပြည်ဝန်ကြီးချုပ် ကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီး...
စစ်ကောင်စီ မှ CDM ဆရာမ ( ၂ ) ဦးကို ဖမ်းဆီးစစ်ဆေး
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆေးခန်းတွင် အလုပ်လုပ်နေသည့် (CDM) ဆရာမ (၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၄) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အင်အား...
ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ
အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး...
တောင်ကြီးမြို့နယ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထွေအုပ်ရုံးမှ ဝန်ထမ်းပစ်ခတ်ခံရပြီး သေဆုံးသွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၂) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦး ထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂...
မိုင်းကိုင်လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာကာ ကုန်ပစ္စည်းများ ၊ မြေသြဇာများ အဆမတန် မြင့်တက်လာသည့် အတွက် စပါးစိုက်ပျိုးရန် စားရိတ်များလာမှုကြောင့် တောင်သူလယ်သမားများ ခက်ခဲလာရသည်။ ထို့အပြင် နိုင်ငံရေး...
မူဆယ်မြို့ ပစ်ခတ်သံများကြားနေရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ သြဂုတ် ၁ ရက်ည ၉နာရီခွဲဝန်းကျင်၌ ဗုံး (၃)လုံးပေါက်ကွဲပြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံး ၃ လုံးသည် စစ်ကောင်စီများရှိသည့်နေရာများတွင် ပေါက်ကွဲကြောင်း သိရသည်။ " ၃ လုံးပေါက်တာ။ နောက်ဆုံးတစ်လုံးက ကောင်းနောင်ရပ်ကွက်မှာ ပေါက်တာ။ ပေါက်တဲ့နေရာတွေက...





