Friday, May 3, 2024

ကျောက်မဲမြို့ စစ်ကောင်စီတပ်စခန်းအနီး လက်နက်ကြီးဖြင့် ပစ်ခတ်သံများကြားနေရ

Must read

သျှမ်းပြည် ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း တပ်အမှတ် ၅၀၁ အနီးတွင် ယနေ့ (အောက်တိုဘာလ ၂၉ ရက်) ညနေ ၄ နာရီအချိန်မှစပြီး လက်နက်ကြီး ပစ်ခတ်သံများ ထပ်ဆင့်ကြားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့

“ ဒီညနေ ၄ လောက်စပြီး တစ်ချက်ကြားတယ်။ ၅ နာရီတုန်းကလည်း တစ်ခါကြားတယ်။ ရေချိုးချိန် ၆ နာရီလောက်တုန်းက နှစ်ခါထပ်ကြားတယ်။ စစ်တပ်စခန်းဘက်က ကြားရတာ၊ အသံကတော့ အကျယ်ကြီးပဲ။ သူတို့အသံကြီးကိုကြားနေရတာ ကြောက်ရသလား မမေးနဲ့ ရေချိုးရင်းတန်းလန်း ထွက်လာရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ နောင်ချို-ကျောက်မဲ ပြည်ထောင်စုလမ်းမကြီးကိုလည်း ယနေ့ (အောက်တိုဘာလ ၂၉ ရက်) မှစ၍ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ နောင်ချိုမြို့နှင့် ချင်းရွှေဟော်တို့တွင် ပြီးခဲ့တဲ့ (အောက်တိုဘာလ ၂၇ ရက်)မှစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ အကြား ဖြစ်ပွားလာခဲ့ရာ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article