သိန္နီမြို့ပေါ် တိုက်ပွဲပြင်းထန်၊ ပြည်သူထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ပြည်သူနေထိုင်ရာ ရပ်ကွက်များတွင် ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

နေအိမ်ထဲလက်နက်ကျပုံ

သိန္နီမြို့နယ်အတွင်း ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းမှ စ၍ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက်ပိုင်းအထိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ဘက်အပြန်အလှန် ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် သိန္နီမြို့ခံများက ပြောသည်။

ထို့အပြင် သိန္နီမြို့ပေါ် လူနေရပ်ကွက်များအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူထိခိုက်သေဆုံးပြီး ဒဏ်ရာရရှိကြောင်း သိန္နီမြို့ ဒေသခံများထံမှ သိရသည်။

သိန္နီစစ်ရှောင်များ

“စစ်ကောင်စီဘက်က လက်နက်ကြီးတွေပေါ့၊ မြို့ဘက်ကို လှမ်းပစ်တာ။ သိန္နီမြို့ပေါ် ရပ်ကွက် ၁ ဘက်မှာ လက်နက်ကြီးကျပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို မှန်တာ။ သူ့လက်ကို ထိပြီး အိမ်လဲ ပျက်စီးသွားတယ်။ နောက်ပြီး ကလေးငယ်တစ်ဦး နောက်စေ့ထိမှန် ဒဏ်ရာရတာ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေလဲ ဘယ်သူမှ ဆေးရုံမသွားရဲကြဘူး။ အခုရွာထဲက ကျန်းမာရေးဆရာမတွေကပဲ ပြန်ကုပေးနေတယ်”ဟု သိန္နီမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ သိန္နီမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး လုံခြုံရေးအခြေအနေကြောင့် မည်သူမှ အိမ်အပြင်သို့ မထွက်ရဲကြဘဲ ထိခိုက်ဒဏ်ရာရသူများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေသည်။

“အခုတော့ တိတ်လိုက် ချလိုက် လုပ်နေကြတာ၊ ရဲစခန်းတော့ မီးလောင်သွားတယ်။ နောင့်တို့ရွာက အိမ်ထဲ မိုင်းကျလို့ ကလေး ၁ ယောက်၊ လူကြီး ၁ ယောက်ဒဏ်ရာရတယ်။ တခြားထိခိုက်တာ အတည်မပြည်နိုင်ဘူး။ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲလို့ တခြားနေရာတွေ တိတိကျကျ မသိရသေးဘူး”ဟု သိန္နီမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်)ကလည်း သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးကို လက်နက်ကြီးထိမှန်ရာ ဆေးကုသမှု မခံယူနိုင်ဘဲ သွေးထွက်လွန်ပြီး သေဆုံးသွားသည်ဟု သိန္နီမြို့ခံများထံမှ သိရသည်။

” ကျနော် သိရသလောက်တော့ တိုက်ပွဲအတွင်း သေဆုံးသူ ၄ယောက်ရှိတယ်။ အတည်ပြုလို့ရဘူး။ ကျည်ထိတဲ့သူလည်း ဆေးရုံသွားလို့မရဘူး။ ဆေးကုလို့မရဘူး” သိန္နီမြို့ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သိန္နီမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းဆိုင်ဘုန်းကြီးကျောင်း၊ ကျောင်းခမ်းဘုန်းကြီးကျောင်း နှင့် ဓာတ်တော်စေတီတို့တွင် စစ်ဘေး‌ရှောင်ဦးရေ ၂၀၀၀ ကျော် ရောက်ရှိခိုလှုံနေကြရသည်ဟု သိရပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

သိန္နီမြို့နယ်အတွင်း အောက်တိုဘာ ၂၆ ရက်မှစ၍ လက်ရှိအချိန်အထိ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီလက်အောက်ခံ မိုင်တဲလ် ကွန်ယက်မှာလည်း မကြာခဏ ပျက်တောက်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...