Monday, May 6, 2024

သိန္နီမြို့ ညီနောင်မဟာမိတ်များ ခေတ္တထိန်းချုပ်ခဲ့

Must read

သိန္နီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက်အစောပိုင်း၌ ညီနောင်မဟာမိတ်တပ်များက ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ညီနောင်မဟာမိတ်ဖြစ်သည့် MNDAA၊ TNLAနဲ့ AAတို့ သည် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွက် ထိန်းချုပ်လိုက်ခဲ့ကြောင်း သိရသည်။

“သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီပြောတယ်။အခုထိတော့ ပစ်နေတုနိးပဲ။ ဘယ်မှထွက်လို့လဲမရဘူး”ဟု ဒေသခံ တစ်ဦးကပြောသည်။

သိန္နီမြို့ပေါ်တွင် ဖုန်းလိုင်းများ ယနေ့အချိန် ပြတ်တောက်နေသေးကြောင်း သိရသည်။

လက်ရှိအခြေအနေထိ တိုက်ပွဲများပြင်းထန်နေကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာသည့်အတွက် စစ်ရေးပိုပြင်းလာနိုင်ပြီး လေကြောင်းဖြင့် ပစ်ခတ်မည်ကို စိုးရိမ်ရသည်ဟု ၎င်း က ဆိုသည်။

သိန္နီမြို့တွင်း တိုက်ပွဲသည် ယမန်နေ့ (အောက်တိုဘာ ၂၈)ရက်မှစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်နဲ့ Drone သံများဖြင့် ပစ်ခတ်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article