လားရှိုး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းတင်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

နေအိမ်ပျက်စီးပုံ

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ၁၂၀ မမ (120 mm)အရွယ်ရှိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လားရှိုးမြို့နယ် မိုင်းတင်အုပ်စု ကောင်းကန်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု လားရှိုးဒေသခံများက ပြောသည်။

“ခလရ-၆၈ တပ်က ပစ်လာတဲ့လက်နက်ကြီးက အိမ်ပေါ်ကျလာတာ။ တစ်အိမ်လုံး မီးလောင်သွားတဲ့အပြင် ဆိုင်ကယ်တစ်စီးလဲ မီးထဲပါသွားတယ်။ နွားတစ်ကောင်လဲ သေတယ်။ လက်နက်ကြီးကျတုန်းကတော့ အိမ်သားတွေက မိုင်းတင်ဘုန်းကြီး‌ကျောင်းမှာ စစ်ဘေး‌ရှောင်နေကြပြီ။ အိမ်သားတွေတော့ ဘာမှမဖြစ်လိုက်ဘူး။ တန်ဖိုးအားဖြင့် သိန်း ၂၀၀ လောက် ပျက်စီးသွားတာပေါ့”ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် မိုင်းတင်ရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နေအိမ်ပျက်စီးပုံ

ထို့အပြင် ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညသန်းခေါင်အချိန်က လက်နက်ကြီး ထပ်မံကျရောက်ခြင်းကြောင့် ကောင်းကန်ကျေးရွာအတွင်းရှိ ပြည်သူနေအိမ် ၃ အိမ် ထပ်မံပျက်စီးခဲ့သည်။

“အခု ရွာသားတွေအကုန်လုံး စစ်ဘေး‌ရှောင်ကုန်ကြပြီ။ တချို့က ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်။ တချို့က နမ့်ယော်မြစ်ဘက်၊ တောင်ယာတဲတွေဘက် စစ်ဘေးရှောင်ကြတာလဲ ရှိတယ်။ အခု ကျနော်တို့ မိုင်းတင်အုပ်စုက စစ်ဘေး‌ရှောင်ဖို့ သွားနေကြတုန်းပဲ။ သေနတ်သံလည်း မတိတ်သေးဘူး”ဟု မိုင်းတင်ရွာမှ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ အထက်မန်အိုင်တွင်လည်း ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညအချိန်က စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသံကြောင့် အမျိုးသမီး ၁ ဦး သေဆုံးသွားသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ တိုက်ပွဲကြောင့် လားရှိုးမြို့နယ်ရှိ ကျေးရွာပေါင်း ၂၅ ရွာခန့်မှ ပြည်သူ ၃၀၀၀ ကျော်သည် မြို့ပေါ်နှင့်ကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် ရောက်ရှိခိုလှုံနေကြရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ကလည်း မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)ရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...