ချင်းရွှေဟော်တွင် အရပ်သား တစ်ထောင်ကျော်ပိတ်မိနေ၊ မိသားစုဝင်များ စိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်း ချင်းရွှေဟော်မြို့ တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ ပြည်သူ တစ်ထောင်ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပိတ်မိနေသည့် ပြည်သူ တစ်ထောင်ကျော်သည် ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းတွင် ရှိနေသော်လည်း လက်ရှိမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် စိုးရိမ်နေကြကြောင်းလည်း ပိတ်မိနေသူ တစ်ဦး၏ မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်ရဲ့ အမျိုးသမီးနဲ့ မိတ်ဆွေတွေက ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းမှာ ပိတ်မိနေတာ။ မနေ့က သူတို့ တရုတ်ပြည်ဘက် ဝင်တာ အဝင်မခံဘူး။ မနေ့ ညကလည်း လက်နက်ကြီးတွေကျတယ်ပြောတယ်။ သူတို့အတွက် မလုံခြုံဘူးဖြစ်နေတယ်” ဟု ပိတ်မိနေသူတစ်ဦး၏ အမျိုးသားက ဆိုသည်။

ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းတွင် ပြည်သူ တစ်ထောင်ကျော်ရှိပြီး၊ တဲထိုးပြီးနေရသော်လည်း အိပ်စရာ အခင်းမရှိခြင်း၊ စောင်မရှိခြင်းတို့ကြောင့် ဒုက္ခရောက်နေကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံများလည်း ဆက်တိုက်ကြားနေသဖြင့် စိုးရိမ်မှုရှိကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။

“ သူတို့နဲ့ ကျနော် ဒီနေ့ (အောက်တိုဘာ ၂၈) ရက် နေ့လယ် ၂ နာရီထိ အဆက်အသွယ်ရတယ်။ ဖုန်းနဲ့တော့မရဘူး။ လိုင်းနဲ့ဆက်သွယ်တာ၊ အခု လိုင်းလည်း မရတော့ဘူး။ ဆက်သွယ်မရဘူး။ စိတ်အရမ်းပူနေတယ်” ဟု သူက ထပ်လောင်းပြောသည်။

ထိုစစ်ရှောင်များသည် တစ်ရက်လျှင် ထမင်း တနပ်သာ စားသုံးနေရကြောင်း ပိတ်မိနေသည့် မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိမှာ ချင်းရွှေဟော်ဘက်တွင် ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဒေသခံများနှင့် ချိတ်ဆက်မရပေ။

ချင်းရွှေဟော် ဒေသခံအချို့သည် မြို့ထဲတွင် မနေရဲသဖြင့် မိမိ၏ စိုက်ခင်းများထဲသို့ သွားရောက်နေထိုင်နေကြသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇) ရက် နံနက် ၄ နာရီဝန်းကျင်တွင် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်စခန်းတစ်ခုကို MNDAA က သိမ်းယူနိုင်ခဲ့သည်။ ထို့ ပြင် နံနက် ၇ နာရီခွဲကျော်တွင်လည်း ဟိုပန်တာချန်ခုတ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မာလူအိုက်ဖိုင်၊ ပိုက်တာပေါက်ပေါက်၊ နန်တောင်ဟော်တောင်ကုန် စသည့် စစ်ကောင်စီစခန်းများကို တပြိုင်နက် သိမ်းယူနိုင်ခဲ့သည်။

တိုက်ပွဲကြောင့် ချင်းရွှေဟော်ရှိ အရပ်သားများကို ပြင်ပသို့ ထွက်ပြေး တိမ်းရှောင်ကြပြီး၊ ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် အတွက် MNDAA မှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး ရှေ့တန်းသတင်းအရ လုံခြုံသည့်နေရာ ပို့ဆောင်ခံရပြည်သူ တစ်ထောင်ကျော်သည် အခြားနယ်မြေမှလာရောက်အလုပ်လုပ်သူ (၆၀၀) ကျော်ပါဝင်ကြောင်း ကိုးကန့် ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...