လားရှိုးမြို့ရှိ တက္ကသိုလ်ကျောင်းသားများကို စစ်ပွဲကြောင့် ပြည်မသို့ ကျောင်းပြောင်းတက်ခိုင်းနေ
သျှမ်းပြည် လားရှိုးမြို့ရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို အခြားမြို့များနှင့် ပြည်မရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများကို သျှမ်းပြည်အတွင်းရှိ တောင်ကြီး၊ ပင်လုံနှင့် ပြည်မရှိ မန္တလေး၊...
မူဆယ်မြို့နယ်အတွင်း စစ်တပ်လေယာဉ် နေစဉ်ပျံဝဲနေ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံ့ဝဲနေပြီး အရပ်သားများက နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၇ ရက် ) မွန်းလွှဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံ့ဝံနေလျက်ရှိပြီး မူဆယ်မြို့ ဘောလုံးကွင်းမှာ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက...
အင်းလေးဒေသတွင် ပျူစောထီးနှစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည် အင်းလေးဒေသတွင် ဆက်ကြေးလိုက်ကောက်နေသည့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ မင်းချောင်းနောက်ကျေးရွာ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ည ၆ နာရီဝန်းကျင်တွင် ဆက်ကြေးလိုက်ကောက်သည့် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦးကို...
သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား
SHAN -
သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက် တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး...
ရာသီဥတု နှင့် လမ်းခရီး အခြေအနေကြောင့် သျှမ်းတောင်ရှိ ထောပတ်သီး တောင်သူများ အရှုံးပေါ်
SHAN -
မြန်မာနိုင်ငံတွင် ထောပတ်သီး အများဆုံး စိုက်ပျိုးရာဒေသ တစ်ခုဖြစ်သော သျှမ်းပြည်တောင်ပိုင်းတွင် ယခုနှစ် ရာသီဥတု ဖောက်ပြန်မှု နှင့် လမ်းခရီး အခြေအနေတို့ကြောင့် ထောပတ်သီးများ ရောင်းချနိုင်ခြင်းမရှိပဲ အရှုံးများနေကြောင်း ထောပတ်သီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။ ယခုနှစ်တွင် မိုးများခြင်း နှင့် လေပြင်းတိုက်ခတ်မှုကြောင့် ထောပတ်သီး အထွက်နှုန်းမှာ ယခင်နှစ်ထက်...
နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး
သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်...
တော်လှန်ရေးရဲဘော်၏ မိသားစုဝင်များကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် ရွာငံမြို့နယ် ဂျိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်၏ မိသားစုဝင် ၈ဦး ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဂျိုးဖြူ မြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော် ကိုအောင်ပြူးကို ဖမ်းဆီးမရသည့်အတွက် ၎င်းမိသားစုဝင်...
သျှမ်းတောင်ရောက်စစ်ရှောင်များ အနွေးထည်မရှိဘဲ ဖြတ်သန်းနေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြိုနယ်ရှိ စစ်ရှောင်စခန်းတွင် ရောက်ရှိနေကြသော လွိုင်ကော်မြိုမှ စစ်ရှောင်များမှာ အကျီနွေးနှင့် စောင်များမရှိဘဲ ဆောင်းရာသီကို ဖြတ်သန်းနေကြကြောင်း စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရှိရသည်။ ထိုစခန်းရှိ စစ်ရှောင်များသည် "၁၀၂၇ စစ်ဆင်ရေး" လွိုင်ကော်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လေယာဥ်များဖြင့် လူနေရပ်ကွက်...
သျှမ်းပြည် နမ့်ခမ်းမြို့ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၇ နာရီခွဲအချိန်ခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံး
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်မရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတစ်ဦး ကျည်ထိမှန်၍သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ဟိုနားရပ်ကွက် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညနေ ၄နာရီဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်ပြီး ပြည်သူနေအိမ်ပေါ် ကျည်ကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း...





