ရာသီဥတု နှင့် လမ်းခရီး အခြေအနေကြောင့် သျှမ်းတောင်ရှိ ထောပတ်သီး တောင်သူများ အရှုံးပေါ်

မြန်မာနိုင်ငံတွင် ထောပတ်သီး အများဆုံး စိုက်ပျိုးရာဒေသ တစ်ခုဖြစ်သော သျှမ်းပြည်တောင်ပိုင်းတွင် ယခုနှစ် ရာသီဥတု ဖောက်ပြန်မှု နှင့် လမ်းခရီး အခြေအနေတို့ကြောင့် ထောပတ်သီးများ ရောင်းချနိုင်ခြင်းမရှိပဲ အရှုံးများနေကြောင်း ထောပတ်သီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

ယခုနှစ်တွင် မိုးများခြင်း နှင့် လေပြင်းတိုက်ခတ်မှုကြောင့် ထောပတ်သီး အထွက်နှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်နီးပါး လျော့ကျသည့်အပြင် တောင်သူအများစုမှာ ဈေးကွက်အတွင်း ထောပတ်သီး တင်ပို့နိုင်ခြင်း မရှိပဲ ဝယ်သူများလည်း နည်းပါးကြောင်း သိရှိရသည်။

“ထောပတ်သီးက မိုးရွာတုန်းက မိုးသီးတွေ ထိထားတော့ အသီးက မလှဘူး။ ထောပတ်သီး ပွဲစားတွေ လာကြည့်ရင် ဓာတ်ဆီခ၊ ကားခတွေ မကိုက်ဘူး ဆိုပြီး မဝယ်ကြတော့ဘူး။ ထောပတ်ပင် အတွက် ကြက်ချေးတွေထည့်၊ ဆေးဖြန်းရတာတွေလည်း မကာမိဘူး။ အခု ဒီဇင်ဘာလဆို အဆိုးဆုံးပဲ လုံးဝ မရောင်းရဘူး၊ ထောပတ်သီးက ကုန်စိမ်းဖြစ်ပြီး အခုလို မရောင်းမရတော့ အခက်အခဲဖြစ်တယ်။ နေ့စားခတောင် မကျေသေးဘူး” ဟု အဆိုပါ ထောပတ်သီး တောင်သူမှ ပြောပြသည်။

Photo – Credit ( ထောပတ်ခြံ)

ယခု လက်ရှိတွင် ဓာတ်ဆီများ ပြတ်လပ်သည့်အတွက် ကုန်စည် စီးဆင်းမှုမှာလည်း အဆင်မပြေပဲ တခြားနယ်များသို့ ထောပတ်သီး တင်ပို့ ရောင်းချနိုင်ခြင်း မရှိသဖြင့် ထောပတ်သီး ဈေးကွက်မှာလည်း နည်းပါးကြောင်း သိရှိရသည်။

“အရင်နှစ်က ထောပတ်သီးကို ရွာထဲမှာပဲ ဒိုင်တွေ လိုက်ဝယ်တယ်။ အလုံးကြီးပြီးလှတဲ့ ရှယ်သီးကို အမြင့်ဆုံး (၁၈၀၀) ပေးတယ်၊ အနိမ့်ဆုံးကို (၇၀၀) ပေးတယ်။ ဒီနှစ်က အနိမ့်ဆုံးကို (၂၀၀) ပဲပေးတယ်၊ အမြင့်ဆုံးကို (၁၂၀၀) ပဲ ပေးကြတယ်ပေါ့။ အရင်တုန်းက ရှယ်သီးဆို တော်ရုံတန်ရုံလောက် လှရင် ရပြီ၊ အခုဆို လုံးဝလှနေမှ ရှယ်သီးအနေနဲ့ ယူတယ်။ ရှယ်သီးကလည်း နည်းပြီး တစ်ရာ ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခုတော့ စောင့်ကြည့်နေပြီး အခြေအနေ ငြိမ်လို့ ရောင်းလို့ရတာနဲ့ အရင်းရမယ်ဆိုရင် အကုန်ထုတ်ရောင်းလိုက်တော့မယ် ” ဟု ၎င်းမှ ထပ်လောင်း ပြောပြသည်။

ယခင်နှစ်များတွင် ထောပတ်သီးများကို ပြည်တွင်း၌ သာမက ထိုင်း၊ တရုတ် စသည့် ပြည်ပနိုင်ငံများသို့ တင်သွင်းနိုင်ခဲ့သော်လည်း ယခုနှစ်တွင် လမ်းအခြေအနေ နှင့် ဓာတ်ဆီဈေးများကြောင့် ပွဲစားများ ဝင်လာခြင်း မရှိတော့ဟု ထပ်မံ သိရှိရသည်။

လက်ရှိကာလအတွင်း သျှမ်းတောင် ဒေသများတွင် ထောပတ်သီး စိုက်ပျိုးသူများ သာမက အာလူး၊ ငရုတ်၊ ခရမ်းချဉ်သီး နှင့် ပန်းဂေါ်ဖီစိုက် တောင်သူများမှာလည်း လမ်းခရီး နှင့် ရာသီဥတု အခြေအနေများကြောင့် တွက်ခြေမကိုက်ပဲ တခြားဒေသများသို ရောင်းချနိုင်ရန် ခက်ခဲနေကြောင်း သိရှိရသည်။ ထို့အပြင် တခြားမှ ပြန်ဝယ်ယူရသော ဆန်၊ ဆီ၊ ဆားများမှာလည်း ဈေးနှုန်းများ ပိုမိုတက်နေကြောင်း ထပ်မံသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...