နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။

နမ့်ဆန် အမျိုးသားတစ်ဦးသေဆုံး

ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နမ့်ဆန်မြို့ လွယ်ခမ်းရွာမှ အသက် ၃၃ နှစ်ခန့် အရွယ်ရှိ မောင်ဟိန်းလတ် ဆိုသူ သေဆုံးခဲ့ကြောင်း နမ့်ဆန်မြို့ဒေသခံများက ပြောသည်။

“ဒီမနက်ကျတော့ ၆ နာရီလောက်ကတည်းက လေယာဉ်ရောက်လာတယ်။ ဟက်စကီးနဲ့ လာပစ်ချသွားတယ်။ လွယ်ခမ်းရွာသား အောင်သစ္စာဆီဆိုင်က ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ တခြားလူ ထိခိုက်တာတော့ မကြားဘူး။ မြို့ထဲမှာ အိမ်တွေ ၁၀ လုံးထက်မက ထိတာတော့ ရှိတယ်”ဟု နမ့်ဆန်မြို့မှ ‌ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားချိန်အထိ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မန်တုံမြို့အခြေစိုက် ခလရ-၁၃၀ တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့ဘက်သို့ ဦးတည်ပစ်ခတ်လာကြောင်း နမ့်ဆန်မြို့ဒေသခံများထံမှ သိရသည်။

TNLA သိမ်းပိုက်နိုင်ခဲ့သည့် လက်နက်ခဲယမ်းများ

“မန်တုံကနေ ပစ်လာတာ နမ့်ဆန်ကို လက်နက်ကြီးကျတယ်။ အခုအခြေအနေကတော့ မြို့ထဲမှာ လူတွေ မရှိတော့ဘူးပြောတယ်။ မနေ့မနက်ကစပြီး TNLA တပ်ကကော စစ်ကောင်စီတပ်ကကော အကြီးအကျယ် ပစ်ကြတယ်။ တစ်မြို့လုံးလည်း TNLA က စိုးမိုးထားပြီ။ လက်နက်ကြီးသံက အခုထိ ကြားရတုန်းပဲ”ဟု နမ့်ဆန်မြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကဒိုင်းဖူးတောင်စခန်း၊ ကောင်းမူးဆိုင်စခန်းနှင့် နမ့်ဆန်ရဲစခန်းတို့အပြင် မန်တုံမြို့နယ်ရှိ မန်နား(ခိုမုန်း)တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် နမ့်ဆန်မြို့နယ်အတွင်းရှိ ပြည်သူများအား စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုမှ ကင်းဝေးရန် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပြီး အစာခြောက်နှင့် ဆေးဝါးများကို စုဆောင်းထားရန် တအာင်း(ပလောင်)အမျိုးသားပါတီမှ နမ့်ဆန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့က သတိပေးနှိုးဆော်ထားသည်။

“စစ်ရှောင်တာကတော့ တကွဲတပြားစီ ရှောင်နေကြတယ်၊ မြို့ပြင်ကို ထွက်တာပေါ့၊ တချို့တွေလည်း ဆိုင်ကယ်နဲ့ အဆင်ပြေမယ်ထင်တဲ့ နေရာကို သွားကြတယ်။ တချို့က လားရှိုးလမ်း၊ တချို့က သီပေါလမ်း၊ တချို့လဲ မန္တလေးလမ်း အဲ့လိုသွားကြတယ်။ ကိုယ်နဲ့နီးစပ်ရာ မြို့ကိုသွားကြတာ၊ အခုက ဖုန်းလိုင်းလည်းမရ အင်တာနက်လည်း ပြတ်နေတယ်”ဟု နမ့်ဆန်မြို့မှ စစ်ဘေးရှောင်နေသူများ၏ အခြေအနေကို ၎င်းဒေခံအမျိုးသမီးက ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်မြို့ ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...