Wednesday, January 28, 2026

နမ့်ဆန်မြို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး နမ့်ဆန်ရဲစခန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စုံစမ်းသိရသည်။

နမ့်ဆန် အမျိုးသားတစ်ဦးသေဆုံး

ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နမ့်ဆန်မြို့ လွယ်ခမ်းရွာမှ အသက် ၃၃ နှစ်ခန့် အရွယ်ရှိ မောင်ဟိန်းလတ် ဆိုသူ သေဆုံးခဲ့ကြောင်း နမ့်ဆန်မြို့ဒေသခံများက ပြောသည်။

“ဒီမနက်ကျတော့ ၆ နာရီလောက်ကတည်းက လေယာဉ်ရောက်လာတယ်။ ဟက်စကီးနဲ့ လာပစ်ချသွားတယ်။ လွယ်ခမ်းရွာသား အောင်သစ္စာဆီဆိုင်က ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ တခြားလူ ထိခိုက်တာတော့ မကြားဘူး။ မြို့ထဲမှာ အိမ်တွေ ၁၀ လုံးထက်မက ထိတာတော့ ရှိတယ်”ဟု နမ့်ဆန်မြို့မှ ‌ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိသတင်းရေးသားချိန်အထိ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မန်တုံမြို့အခြေစိုက် ခလရ-၁၃၀ တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် နမ့်ဆန်မြို့ဘက်သို့ ဦးတည်ပစ်ခတ်လာကြောင်း နမ့်ဆန်မြို့ဒေသခံများထံမှ သိရသည်။

TNLA သိမ်းပိုက်နိုင်ခဲ့သည့် လက်နက်ခဲယမ်းများ

“မန်တုံကနေ ပစ်လာတာ နမ့်ဆန်ကို လက်နက်ကြီးကျတယ်။ အခုအခြေအနေကတော့ မြို့ထဲမှာ လူတွေ မရှိတော့ဘူးပြောတယ်။ မနေ့မနက်ကစပြီး TNLA တပ်ကကော စစ်ကောင်စီတပ်ကကော အကြီးအကျယ် ပစ်ကြတယ်။ တစ်မြို့လုံးလည်း TNLA က စိုးမိုးထားပြီ။ လက်နက်ကြီးသံက အခုထိ ကြားရတုန်းပဲ”ဟု နမ့်ဆန်မြို့မှ ၎င်းဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကဒိုင်းဖူးတောင်စခန်း၊ ကောင်းမူးဆိုင်စခန်းနှင့် နမ့်ဆန်ရဲစခန်းတို့အပြင် မန်တုံမြို့နယ်ရှိ မန်နား(ခိုမုန်း)တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် နမ့်ဆန်မြို့နယ်အတွင်းရှိ ပြည်သူများအား စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုမှ ကင်းဝေးရန် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပြီး အစာခြောက်နှင့် ဆေးဝါးများကို စုဆောင်းထားရန် တအာင်း(ပလောင်)အမျိုးသားပါတီမှ နမ့်ဆန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့က သတိပေးနှိုးဆော်ထားသည်။

“စစ်ရှောင်တာကတော့ တကွဲတပြားစီ ရှောင်နေကြတယ်၊ မြို့ပြင်ကို ထွက်တာပေါ့၊ တချို့တွေလည်း ဆိုင်ကယ်နဲ့ အဆင်ပြေမယ်ထင်တဲ့ နေရာကို သွားကြတယ်။ တချို့က လားရှိုးလမ်း၊ တချို့က သီပေါလမ်း၊ တချို့လဲ မန္တလေးလမ်း အဲ့လိုသွားကြတယ်။ ကိုယ်နဲ့နီးစပ်ရာ မြို့ကိုသွားကြတာ၊ အခုက ဖုန်းလိုင်းလည်းမရ အင်တာနက်လည်း ပြတ်နေတယ်”ဟု နမ့်ဆန်မြို့မှ စစ်ဘေးရှောင်နေသူများ၏ အခြေအနေကို ၎င်းဒေခံအမျိုးသမီးက ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်မြို့ ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...